Economy
တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲအကျော့သစ် ပေကျင်းတွင် စတင်ပြုလုပ်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲအကျော့သစ်အား ပေကျင်းမြို့၌ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲများ ဖွင့်လှစ်ခြင်းအခမ်းအနား၌ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေးဆွေးနွေးပွဲ၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ လျူဟဲ (Liu He) နှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင် (Steven Mnuchin) တို့က ပူးတွဲသဘာပတိအဖြစ် ပြုလုပ်ခဲ့ကြသည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲအသစ် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲအသစ် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ယခု ဆွေးနွေးပွဲများမှာ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)