Connect with us

Economy

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၏ အိမ်ဈေးနှုန်းများ ကျဆင်း

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ အဆောက်အအုံ များတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အိမ်အရောင်းအဝယ် ဈေးကွက်အားနည်းနေပြီး အိမ်အသစ် ဈေးနှုန်းများလည်း ဇန်နဝါရီလနှင့် ယှဉ်လျှင် ဖေဖော်ဝါရီလတွင် မြို့တော်တော်များများ၌ ကျဆင်းနေကြောင်း သုတေသန ပြုလုပ်မှု များအရ သိရသည်။

မြို့ပေါင်း (၇၀) ကို သုတေသန ပြုလုပ်ရာတွင် (၆၆)မြို့ရှိ အိမ်အသစ် ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း၌ ယခင်လထက် နိမ့်ဆင်းသွားကြောင်း သုတေသနပြုလုပ်နေသည့် National Bureau of Statistics (NBS) က မတ်လ ၁၈ ရက်နေ့က ပြောကြားသည်။

ဇန်နဝါရီလတွင် ဝူဟန် (Wuhan) နှင့် လုကျိုး (Luzhou) ၌ အိမ်ဈေးနှုန်းများ တန့်နေပြီး စန်းကျန့် (Shenzhen) နှင့် ကန့်ကျိုး (Ganzhou) တို့ရှိ အိမ်ဈေးနှုန်းများမှာ ဝ.၂ ရာခိုင်နှုန်း နှင့် ဝ.၁ ရာခိုင်နှုန်း ခန့်အနည်းငယ် မြင့်တက်လာကြောင်း NBS က ဖော်ပြသည့် အချက်အလက်များအရ သိရသည်။

အိမ်ဟောင်း ဈေးနှုန်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း (၆၁) မြို့ ၌ ဈေးနှုန်းများ ကျဆင်းလာပြီး မြို့ (၅) မြို့တွင် ဈေးနှုန်း အနည်းငယ် မြင့်တက်လာကာ (၄) မြို့တွင် ဈေးတန့် နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.