Connect with us

Economy

ဘရာဇီးနိုင်ငံ စီးပွားရေးပညာရှင်က တရုတ်နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုသည် ဆိုရှယ်လစ်စနစ်အားသာချက်ကို ထင်ဟပ်ပြသနိုင်ခဲ့ကြောင်းပြောကြား

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချုံကျန်းခရိုင် ကျားပန် ကျေးလက်ဒေသ ကျားချဲရွာ တွင် အင်တာနက်တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်၍ ကျေးရွာအလှကို ပြသနေစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ်တက္ကသိုလ် စီးပွားရေးပညာ ပါမောက္ခ ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က ဆင်ဟွာ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် တရုတ်နိုင်ငံ ကဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ဆောင်ရာတွင် ထူးချွန်သည့် အောင်မြင်မှုများရရှိခဲ့ပြီး ဆိုရှယ်လစ်စနစ် ၏ အားသားချက်ကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဦးတည်ချက် တာဝန် ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး သတ်မှတ်ချက်အောက်ရှိ ကျေးရွားနေ ဆင်းရဲနွမ်းပါး ပြည်သူများအား ဆင်းရဲနွမ်းပါးမှု မှ လွတ်ကင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုခရိုင် လုံးဝမရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်ရှိ မြို့ နှင့် ခရိုင်ပေါင်း ၂၀ ကျော် မှ ဆင်းရဲနွမ်းပါးမှု ထောက်ပံ့ရေးတွင် အကျိုးရရှိခဲ့သူများ ၏ အပြုံးမျက်နှာများအား စုပေါင်း ဖော်ပြထားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် ရိုက်ကူးခဲ့သော ဆင်းရဲနွမ်းပါးသူများ အတွက် တည်ဆောက်ပေးထားသည့် ပြောင်းရွှေ့ရွာအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က တရုတ်နိုင်ငံ၏ အောင်မြင်မှုများ က ဆိုရှာလစ်စနစ် ၏ အားသာချက်ကို ပိုမိုနက်ရှိုင်းအောင် ထင်ဟပ်နိုင်စေခဲ့ပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အေင်မြင်မှု သည် တရုတ်နိုင်ငံ ၏ သမိုင်းတွင် မှတ်တိုင်ကြီးတစ်ခုဖြစ်ကြောင်း နှင့် ဆိုရှယ်လစ်စနစ် မှ ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က တရုတ်နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အောင်မြင်မှု ရရှိခဲ့ခြင်း သည် တရုတ်နိုင်ငံ အစိုးရ ၏ မဟာဗျူဟာအရ မြင့်မားသည့် အမြင်ရှိမှု နှင့် တရုတ်နိုင်ငံ အစိုးရ ဆောင်ရွက်ခဲ့သည့် မူဝါဒ သည် နက်ရှိုင်းစွာ သုတေသန သုံးသပ်မှုပြုလုပ်ကာ ဆောင်ရွက်ခဲ့ခြင်းကို ပေါ်လွင်စေခဲ့ကြောင်း ၊ နိုင်ငံ နှင့် လူမှုပတ်ဝန်းကျင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံတွင် လက်ရှိချိန်၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ချမှတ်ကာ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကို ခိုင်မာအောင်ဆောင်ရွက်ပြီး ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်မြင်မှု ကို တိုးချဲ့နိုင်အောင် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က တရုတ်နိုင်ငံနေဖြင့် ဆင်းရဲချမ်းသာကွာဟမှု ကို လျော့ကျအောင် ဆောင်ရွက်မှုအမျိုးမျိုး ပြုလုပ်ခဲ့ပြီး ယင်းဆောင်ရွက်မှုများက အခြား ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် စံနမူနာ အဖြစ် အတုယူနိုင်ကာ တရုတ်နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာ ကဏ္ဍ အသီးသီး အတွက် စံနမူနာအဖြစ် ထူထောင်ပေး နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————–
(Chinese Version)
(经济)巴西学者:中国减贫成就彰显社会主义制度优越性
2020-12-31 11:27:39 分类: 宏观经济
  新华社巴西利亚12月30日电(记者周星竹)巴西里约热内卢州立大学经济学教授埃利亚斯•雅布尔日前接受新华社记者采访时表示,中国减贫事业取得卓越成就,彰显社会主义制度优越性。
  今年,中国如期完成脱贫攻坚目标任务,现行标准下农村贫困人口全部脱贫,贫困县全部摘帽。雅布尔表示,这一成就更深层次的意义在于它彰显了社会主义制度的优越性。“脱贫攻坚的成功是中国历史上一大里程碑事件,也是社会主义制度取得的胜利。”
  雅布尔说,中国的减贫成就还体现了中国政府的战略高度,中国政府采取的政策经过深度研判,着力推进国家和社会发展。
  当前,中国正持续推进乡村振兴战略,用乡村振兴巩固拓展脱贫攻坚成果。雅布尔表示,中国缩小贫富差距的很多措施对其他发展中国家具有借鉴意义,中国在经济发展的众多领域树立了标杆。(完)

Photo
1. 2020年4月19日,在贵州省从江县加榜乡加车村,脱贫攻坚指挥所网格员吴贤艳(左)与村里的大一女生梁琼英在直播推介加榜梯田风光。(新华社记者杨文斌摄)
2. 拼版照片:这是黑龙江省20多个市县的建档立卡户,通过扶贫产业受益,露出灿烂的笑容(拍摄时间为2020年7至10月,新华社记者王建威、张涛、谢剑飞、孙晓宇、唐铁富、徐凯鑫、杨思琪摄)
3.  这是2020年11月5日无人机拍摄的宁夏银川市永宁县闽宁镇原隆村。这里是福建对口帮扶宁夏,安置“苦瘠甲天下”的西海固贫困群众的生态移民村。(新华社记者王鹏摄)