Economy
ငွေကြေး ဖလှယ်ရေးဆိုင်ရာ သဘောတူညီချက် တရုတ်နှင့် မော်ရိုကို လက်မှတ်ရေးထိုး

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဗဟိုဘဏ်နှင့် မော်ရိုကိုနိုင်ငံတို့ အကြား ယွမ် ၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၅၃ ဘီလီယံ) တန်ဖိုး ရှိသည့် ငွေကြေး ဖလှယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုအား မေလ ၁၁ ရက်က လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်မှာ သုံးနှစ်တာ သက်တမ်း ရှိမည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မော်ရိုကို ဘုရင် မိုဟာမက် ၆ ၏ ခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့စေမည် ဖြစ်ကြောင်း တရုတ် ဗဟိုဘဏ် ဝက်ဘ်ဆိုဒ် ကြေညာချက်အရ သိရသည်။ (Xinhua)