Connect with us

Economy

တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း စီးပွားရေး ဖွံ့ဖြိုးမှု နယူးဇီလန် ဘဏ္ဍာရေး ဝန်ကြီး လေ့လာမည်

၂၀၁၀ ခုနှစ်က နယူးဇီလန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နယူးဇီလန် ဘဏ္ဍာရေး ၀န်ကြီး ဘီလ်အင်္ဂလိပ် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ဝယ်လင်တန်၊ ဇူလိုင် ၁၃၊ ( ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ဧရိယာ၊ ကုန်သွယ်မှု အလားအလာ နှင့် ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းများ ကို လေ့လာရန် နယူးဇီလန် ဘဏ္ဍာရေး ဝန်ကြီး ဘီလ်အင်္ဂလိပ် သည် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံ သို့ သွားရောက်ရန် ရှိပါ သည်။

“ တရုတ်ဟာ နယူးဇီလန်ရဲ့ ဒုတိယ အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ပါတယ်၊ တရုတ်နှင့် နယူးဇီလန် တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွေမှာ အရမ်း အရေးပါပါတယ်” ဟု အင်္ဂလိပ် က ထုတ်ပြန်ချက် တွင် ပြောပါသည်။

“ ကျွန်တော်တို့ ပေကျင်းမှာ တာဝန်ရှိသူတွေနဲ့ တွေ့ပြီး ရှီနင်း ကိုသွားကြည့်ဖို့ ရှိပါတယ်၊ အဲဒီ မြို့ဟာ နယူးဇီလန် တက္ကသိုလ်တွေ တည်ဆောက်ဖို့ လေ့လာထားတဲ့ ချင်းဟိုင် ဒေသရဲ့ မြို့တော် လဲ ဖြစ်ပါတယ်၊ နောက်ပြီး နယူးဇီလန် စီးပွားရေး ချိတ်ဆက်မှုတွေ ရှိနေတဲ့ ချိန်တူး၊ ခြုံချင်း မြို့တွေက အဓိက ဖွံ့ဖြိုးနေတဲ့ ကုန်းတွင်းပိုင်း ဧရိယာနှစ်ခုကို သွားကြည့် ဖို့ရှိပါတယ် “ ဟု အင်္ဂလိပ် ကပြောပါသည်။

ယခု ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ငွေရေးကြေးရေး စနစ် ၏ လက်ရှိ အခြေအနေ နှင့် နယူးဇီလန်အတွက် အကျိုးရှိနိုင်သော ရှေ့အလားအလာတွေ ပိုပြီးနားလည်ရန် စတဲ့ အဖိုးတန်သော အခွင့်အရေးများကို ထောက်ပံ့ ဖြစ်စေနိုင်မှာ ဖြစ်ပါသည်။( Xinhua)