Connect with us

Economy

ဖွံ့ဖြိုးရေး ညီလာခံကို တိဘက်၌ ကျင်းပမည်

တိဘက်ဒေသ လာဆာ မြို့တော် အားတွေ့ရစဉ် (ဆင်ဟွာ)

လာဆာ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၇ ရက် မှ ၈ ရက်ထိ ကျင်းပမည့် ဖွံ့ဖြိုးရေး ညီလာခံကို တိဘက်ဒေသ လာဆာမြို့၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ဇူလိုင်လ ၆ ရက်တွင် ပြောကြားသည်။

အဆိုပါ ညီလာခံကို တိဘက် ဒေသဆိုင်ရာ အစိုးရနှင့် တရုတ်နိုင်ငံ နိုင်ငံတော် ပြန်ကြားရေးရုံးမှ လက်ခံ ကျင်းပသွားမှာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ မှ သုတေသီများ ၊ အရာရှိများနှင့် သတင်းသမား စုစုပေါင်း ၁၃ဝ ဦး တက်ရောက်ရန် စာရင်း ပေးသွင်းထားကြောင်းသိရသည်။
တိဘက်ဒေသတွင် ခေတ်မီ စက်မှု လုပ်ငန်းများတည်ထောင်ရေး ၊ စီးပွားရေး ဆိုင်ရာ စွန့်ဦးတီထွင်မှုများ ဖန်တီးရေး ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး ၊ တိဘက်ဒေသတွင် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းများ နှင့် ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယအခြေစိုက် Press Trust of India မှ Nikhil Agarwal က ညီလာခံ မစတင်မီ လာဆာမြို့နှင့် ရှန်နန်မြို့များအား သွားရောက် လည်ပတ်ခဲ့သည်။
“ညီလာခံက အားလုံးအတွက် အကျိုးရှိပါတယ်။ ပထဝီဝင် အနေအထားအရ အိန္ဒိယနဲ့ တိဘက်ကြားမှာ နယ်နိမိတ် အရှည်ကြီးပေမယ့် တိဘက်မှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ကျနော်တို့မသိပါဘူး ” ဟု Nikhil က ဆိုသည်။
ထို့ပြင် “သတင်းစာဖတ်ပြီး ပြောတာမဟုတ်ဘဲ ၊ ဘက်လိုက် ပြောတာမဟုတ်ဘဲ နဲ့ တိဘက်ရဲ့ ပကတိ အခြေအနေမှန်တွေကို သိဖို့ ဒီညီလာခံက အကောင်းဆုံး နည်းလမ်းပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.