Connect with us

Economy

အီးယူမှ ဗြိတိန် ထွက်ခွာပြီးနောက် ငွေကြေး မူဝါဒကို ချင့်ချင့်ချိန်ချိန် ကျင့်သုံးသွားမည်ဟု တရုတ် ဗဟိုဘဏ် ကတိပြု

တရုတ်နိုင်ငံ ဗဟိုဘဏ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အတွင်းမှ ဗြိတိန်နိုင်ငံ ထွက်ခွာသည့်ဘက်မှ အနိုင်ရခဲ့ပြီးနောက် တရုတ်နိုင်ငံ ဗဟိုဘဏ် အနေဖြင့် ငွေကြေးမူဝါဒကို ချင့်ချင့်ချိန်ချိန် ကျင့်သုံးသွားမည် ဖြစ်ပြီး လုံလောက်သော ငွေဖြစ်လွယ်မှု (Liquidity) ကို ထိန်းသိမ်းရန်နှင့် ငွေကြေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းရန် မူဝါဒမျိုးစုံကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်အား ဥရောပသမဂ္ဂ အတွင်းမှ ဗြိတိန်နိုင်ငံ ထွက်ခွာသည့်ဘက်မှ အနိုင်ရခဲ့ပြီး နာရီပိုင်း အကြာ၌ တရုတ်နိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ဗြိတိန်၏ အဆိုပါ ဆန္ဒခံယူပွဲ ရလဒ် အပေါ် တုံ့ပြန်မှုများအား ငွေကြေး ဈေးကွက် အတွင်း သတိပြုမိခဲ့ကြောင်းနှင့် မည်ကဲ့သို့သော သက်ရောက်မှုမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ် အစီအမံ တစ်ခု စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယွမ်ငွေ လဲလှယ်နှုန်းအတွက် ဈေးကွက်ကို ရှေးရှုသော လုပ်ထုံးလုပ်နည်း ပိုမို တိုးတက်ရန်နှင့် သင့်တင့်ပြီး ဟန်ချက်ညီသည့် အဆင့် တစ်ခုတွင် အခြေခံ ငွေကြေး လဲလှယ်နှုန်းအား ထိန်းထားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုဘဏ် အနေဖြင့် အခြား ဗဟိုဘဏ်များနှင့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများနှင့်အတူ မူဝါဒဆိုင်ရာ ဆက်သွယ်ခြင်းနှင့် စေ့စပ် ညှိနှိုင်းခြင်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117