Connect with us

Environment, Disasters & Accidents

“တောင်ပိုင်းရေပေးဝေမှု” စီမံကိန်းက ပေကျင်းမြို့နေ ပြည်သူ ၁၂ သန်းကျော်ကို အကျိုးပြု

တရုတ်နိုင်ငံ ပေကျင်းမြို့ အတွက် ရေထောက်ပံ့ပေးနေသော Fangshan ရေလှောင်ကန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ)

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ  ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၅ နှစ်အတွင်း ပေကျင်းမြို့နေ လူတစ်ဦးချင်းစီအတွက် ရေ ၁၀၀ ကုဗမီတာ မှ ၁၅၀ ကျော်အထိ တိုးမြှင့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့တော်ရေဖြန့်ဖြူးရေးအာဏာပိုင်အဖွဲ့ဒုတိယအကြီးအကဲ Liu Guangming က ဆိုသည်။

ရေပေးဝေဖြန့်ဖြူးမှု၏  ၇၀ ရာခိုင်နှုန်းကျော်(သို့မဟုတ်) ၃.၅ ဘီလီယံကုဗမီတာ သည် ရေအသုံးပြုလုပ်ကိုင်နေရသည့် လုပ်ငန်းခွင်နယ်ပယ်များသို့ ရောက်ရှိခဲ့ကြောင်း နှင့် ကျန်ရှိနေသော ရေများကို ပေကျင်းမြို့တော်ရှိ အလယ်အလတ်တန်းစားအရွယ် ရေလှောင်ကန်များ နှင့် မြစ်ကြီးများထဲတွင် သိုလှောင်ပေးထားကြောင်း ၊ ယင်းမှာ မြေအောက်ရေ နှင့် မြို့အတွင်းရှိ မြစ်ချောင်းအင်းအိုင်များ အတွက် ရေအရင်းအမြစ်များ ပြန်လည် ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်းသိရသည်။

ပေကျင်းမြို့၏ အကြီးဆုံး နှင့် သောက်သုံးရေ အဓိက ဖြန့်ဖြူးပေးနေသော ရေလှောင်ကန်ဖြစ်သည့် Miyun ရေလှောင်ကန်သည် “တောင်ပိုင်းရေပေးဝေမှုစီမံကိန်း” မှ ရေ ၄၅၀ သန်း ကုဗမီတာကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ၊ စာရင်းဇယားများအရ အဆိုပါ ရေလှောင်ကန်သည် ရေ ၂.၆ ဘီလီယံကုဗမီတာ အထိ စံချိန်တင် သိုလှောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.