Connect with us

Environment, Disasters & Accidents

အရက်မူးပြီး မောင်းသည့် ယာဉ်မောင်းကြောင့် ဘတ်စ်ကားမီးလောင်၊ ကားပေါ်ပါသူအားလုံး သေဆုံး

မီးလောင်ကျွမ်းသည့် ဘတ်စ်ကား အား တွေ့ရစဉ် (ဆင်ဟွာ)

တိုင်ပေ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ထိုင်ဝမ်တွင် ဇူလိုင်လ ၁၉ ရက်က အရက်မူးနေသည့် ဘတ်စ်ကား မောင်းသူကြောင့် ဖြစ်ပွားခဲ့သော ယာဉ်မီးလောင်မှုတွင် ယာဉ်ပေါ်ပါ လူ ၂၆ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဘတ်စ်ကားသည် Taoyuan လေဆိပ်အနီး အဝေးပြေးလမ်းမ၏ လမ်းဘေး အရံအတား တစ်ခုကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ပြီး ဘတ်စ်ကား ပေါ်လိုက်ပါလာသူ ၂၆ ဦးလုံး သေဆုံးခဲ့သည်။

သေဆုံးသူများ အနက် နိုင်ငံခြားသား ဧည့်သည် ၂၃ ဦးနှင့် တရုတ်နိုင်ငံမှ ဧည့်လမ်းညွှန် တစ်ဦး၊ ဒေသခံ ယာဉ်မောင်း တစ်ဦးနှင့် ဒေသခံ ဧည့်လမ်းညွှန် တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)