Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှစ် ၃၀၀၀ သက်တမ်းရှိ တရုတ်ထင်းရှူးပင်ကြီးအား ရှာဖွေတွေ့ရှိ

နှစ် ၃၀၀၀ သက်တမ်းရှိ ရှားပါး တရုတ်ထင်းရှူးပင်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ်တွင် နှစ် ၃၀၀၀ သက်တမ်းရှိမည်ဟု ယူဆရသော ရှားပါး တရုတ်ထင်းရှူးပင်ကြီး တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သက်တမ်းရင့် ထင်းရှူးပင်ကြီးသည် ဟွမ်းကော်သစ်တောအတွင်း ၌ တည်ရှိနေကြောင်း၊ အမြင့်အားဖြင့် မီတာ ၄၀ မြင့်ကာ လုံးပတ် ၁.၆၈မီတာ ရှိကြောင်း သစ်တောဦးစီးဋ္ဌာန အကြီးအကဲ ယန်ယုံရှန်း က ပြောကြားခဲ့သည်။
ယင်း ထင်ရှူးပင်ကြီးသည် ဟွမ်းကော်သစ်တော၌ ယခု တစ်ပတ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် တရုတ်ထင်းရှူးပင်ပေါင်း ၃၀ ကျော်အနက် တစ်ပင်ဖြစ်ကြောင်းသိရသည်။ ယင်း တရုတ်ထင်းရှူးပင်သည် ကျိလင်ပြည်နယ်ရှိ တရုတ်ထင်ရှူးပင်များ အနက် သက်တမ်းအရင့်ဆုံး နှင့် အကောင်းဆုံး ထိန်းသိမ်းထားနိုင်ခဲ့သည့် အပင်တစ်ပင်လည်း ဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ သစ်တောဋ္ဌာနက ပြောကြားခဲ့သည်။
သစ်ပင်လောကတွင် အသက်ရှင်နေသော ကျောက်ဖြစ်ရုပ်ကြွင်းဟု တင်စားခေါ်ဝေါ်ကြသည့် တရုတ်ထင်ရှူးပင်သည် လွန်ခဲ့သည့် နှစ်ပေါင်း၂.၅ သန်း ကတည်းက ကမ္ဘာပေါ်တွင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် တရုတ်ထင်ရှူးပင်များအား ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုရန် ခုတ်လဲှခဲ့ရာမှ ယခုအခါတွင် ယင်းအပင် မျိုးစိတ်များသည် အမျိုးသား ကာကွယ်ရေး ပထမအဆင့်ဖြင့် ကာကွယ်ပေးရမည့် မျိုးတုန်းမည့် အန္တရာယ် ကြုံတွေ့နေရသော အပင်များစာရင်းတွင် ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.