Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရာတွင် အာဖရိကကို တရုတ်နိုင်ငံက ထောက်ပံ့မည်ဟု သမ္မတ ရှီပြောကြား

၀၁၇ ခုနှစ် မေလက ကျင်းပခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် (BRF) ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အကျိုးရလဒ်များ အတူတကွ မျှဝေခံစားရန် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ရာတွင် အာဖရိကနိုင်ငံများအား တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံနှင့် အာဖရိက ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များအကြား စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော အဆင့်မြင့် ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သက်ဆိုင်ရာနိုင်ငံ အခြေအနေများနှင့် ကိုက်ညီသော၊ အားလုံးပါဝင်သော အားလုံး အကျိုးကျေးဇူးရှိသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုရှိသော လမ်းကြီးတစ်ခု တည်ဆောက်ရန် အာဖရိကနိုင်ငံများနှင့်အတူ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း သမ္မတ ရှီက မိန့်ခွန်းပြောခဲ့သည်။ “ကြွယ်ဝချမ်းသာခြင်းဆီ အတူတကွ လျှောက်လှမ်းကြမည်” ဟူသော ခေါင်းစဉ်ဖြင့် ၆ ကြိမ်မြောက် တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေး မိန့်ခွန်း၌ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)