Connect with us

Politics, Law & Military

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (၇)ကြိမ်မြောက်ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့တွင်ကျင်းပ

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (၇)ကြိမ်မြောက်ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (၇)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၂ ရက်က DiaoYuTai နိုင်ငံတော် ဧည့်ဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးဆန်းနှင့် တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Lindiwe Sisulu ၊ကုန်သွယ်စက်မှုဝန်ကြီးဌာန ဝန်ကြီး Rob Davies တို့သည် အခမ်းအနား သဘာပတိအဖြစ် တက်ရောက်ခဲ့ကြပြီး အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ပြည်ပကုန်သွယ်ရေးရာဝန်ကြီးများနှင့် အာဖရိကသမဂ္ဂမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117