Connect with us

Politics, Law & Military

တရုတ်နိုင်ငံကကမ္ဘောဒီးယားနိုင်ငံ နှင့်အတူ အနာဂတ်တွင် မျှဝေခံစားမည့် အနာဂတ်ကို တည်ဆောက်သွားမည်

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆိုစဉ်။

ဖနွမ်းပင်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့်မဟာဗျူဟာမြောက်ထူးခြားမှုတစ်ရပ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ နှင့်အတူ အနာဂတ်တွင် မျှဝေခံစားမည့် အနာဂတ်ကို တည်ဆောက်သွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၁၁ ရက်က ကတိပြုပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင်တွေ့ဆုံရာ၌ ထိုကဲ့သို့ ကတိ ပြုခဲ့ခြင်းဖြစ်သည်။လီက မြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး သို့တက်ရောက်ပြီးကမ္ဘောဒီး ယားသို့ချစ်ကြည်ရေးခရီး ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယားနိုင်ငံ၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင် ငံက အကူအညီပေးသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ် ၆၀ ပြည့် မြောက်သည့် ၂၀၁၈ ခုနှစ် က နှစ်နိုင်ငံအကြားအဆင့်မြင့်ဆက်ဆံမှုများပိုမိုခိုင်မာရေး၊နယ်ပယ်မျိုးစုံ တွင်ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်ရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက်အခွင့်အလမ်းတစ် ရပ်အဖြစ်တရုတ်နိုင်ငံကယူဆကြောင်းလည်း ဝန်ကြီးချုပ် လီခဲ့ချန် ကပြောခဲ့သည်။

၎င်းကတရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အပံ့ပေးရန်နှင့် ပြည်သူတို့၏လူနေမှုဘဝတိးုတက်ကောင်းမွန်ရန့်မဟာဗျူဟာမြောက်ထူးခြားမှုတစ်ရပ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ နှင့်အတူ အနာဂတ်တွင် မျှဝေခံစားမည့် အနာဂတ်ကို တည်ဆောက်သွားရန် အဓိဌာန်ပြုကြောင်းလည်းပြောခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ကလည်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်၏ယခုချစ်ကြည် ရေးခရီးက နှစ်နိုင်ငံအကြား မိတ်ဖက်တည်ရှိမှုကိုပိုမိုခိုင်မာစေကြောင်းနှင့် ပြည့်စုံမှုရှိသော မဟာဗျူဟာ မြောက်မိတ်ဖက်တည်ရှိမှုကို အဆင့်သစ်တစ်ရပ်သို့တိုးတက်စေခဲ့ကြောင်းပြောခဲ့သည်။ ထို့ပြင်ဝန်ကြီး ချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား နိုင်ငံ အားတရုတ်နိုင်ငံကနှစ်ပေါင်းများစွာထောက်ပံ့ကူညီလာမှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်ပြည်သူများအနေဖြင့် ‘ရာစုနှစ်ပန်းတိုင်နှစ်ရပ်’ (Two Centenary Goals) ကိုဆောလျင်စွာရောက်ရှိစေရန်ဆုမွန်ကောင်းတောင်းကြောင်းလည်းပြောခဲ့သည်။

၎င်းက ကမ္ဘောဒီးယား နိုင်ငံအစိုးရအနေဖြင့်အဓိကအကျိုးတူစီမံကိန်းများဖြစ်သည့် အဝေးပြေးလမ်းမ၊ ဆိပ်ကမ်းနှင့်စီးပွားရေးဇုံမျာတည်ဆောက်မှုစသည့်လုပ်ငန်းများအပေါ် ကျေနပ်မိပါကြောင်း နှင့်အခြေ ခံအဆောက်အအုံ၊စိုက်ပျိုးရေး၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်ပြည်သူတို့၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာလာစေရန် အဓိဌာန်ပြုကြောင်းလည်းပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.