Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် COVID-19 ကာကွယ်ဆေး အသစ်တစ်သုတ် သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ သို့ရောက်ရှိ

ကိုလံဘို ၊ မေ ၂၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါဆိုးရွားစွာခံစားနေရချိန်တွင် တရုတ်နိုင်ငံ အစိုးရမှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများသည် မေ ၂၅ ရက်ညပိုင်းက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Bandaranaike နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့သည်။သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီး Pavithra Wanniarachchi နှင့် သက်ဆိုင်ရာ သီရိလင်္ကာ အစိုးရ အရာရှိများ ၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချင်းကျိန့်ဟုန် တို့က လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြသည်။ ထို့နောက် လေဆိပ်၌ ကျင်းပပြုလုပ်သည့် ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် ချင်းကျိန့်ဟုန် နှင့် Wanniarachchi တို့က နှစ်နိုင်ငံအစိုးရ ကိုယ်စား ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ခြင်း စာရွက်စာတမ်းပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီး က မိမိအနေဖြင့် သမ္မတ ကိုယ်စား တရုတ်နိုင်ငံ၏ သီရိလင်္ကာနိုင်ငံ အပေါ် ထပ်မံကူညီမှု နှင့် ကာကွယ်ဆေးအသစ်အသုတ် ထပ်မံ ကူညီပေးခဲ့ခြင်းအပေါ် လှိုက်လှဲစွာကျေးဇူးတင်လိုကြောင်း ၊ ယခုအကြိမ် ရောက်ရှိလာသော ကာကွယ်ဆေးများသည် သီရိလင်္ကာနိုင်ငံ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် အတွက် တွန်းအားပေးစေနိုင်မည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်လွန်စွာ အရေးပါကြောင်း ၊ သီရိလင်္ကာ နိုင်ငံအနေဖြင့်တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားလိုပြီး ကာကွယ်ဆေးဝယ်ယူရေး ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းထောက်ပံ့ရေး နှင့် ကာကွယ်ဆေးထုတ်လုပ်ရေး စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ တန်ဖိုးကြီးမားသော ထောက်ပံ့မှုများကို ဆက်လက်၍ ရရှိသွားလိုကြောင်း ပြောကြားခဲ့သည်။

မေ ၂၆ ရက် နံနက်အစောပိုင်းက သီရလင်္ကာနိုင်ငံ ကိုလံဘို Bandaranaike နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော ကာကွယ်ဆေးများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံက အနာဂတ် ၃ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးမည်ဟု ကြေညာခဲ့ကြောင်း ၊ ယင်းကူညီထောက်ပံ့မှုက ဖွံ့ဖြိုးဆဲနိုင်ငံများ ကပ်ရောဂါတိုက်ဖျက်ရေး နှင့် လူမှုစီးပွားပြန်လည်ထူထောင်ရေးတို့အတွက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် သီရိလင်္ကာနိုင်ငံအား ကာကွယ်ဆေးများ ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အထက်ပါပြောဆိုမှု နှင့် စိတ်ဓာတ် နှင့် ကတိပြုချက်ကို လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa နှင့် ဝန်ကြီးချုပ် Mahinda Rajapaksa တို့က မေ ၂၆ ရက်တွင် လူမှုကွန်ယရက်စာမျက်နှာ၌ တရုတ်နိုင်ငံ၏ လိုအပ်သောအချိန်တွင်ပေးအပ်ခဲ့သည့် ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း ၊ သီရိလင်္ကာနိုင်ငံ ကပ်ရောဂါလှိုင်းအသစ် တိုက်ဖျက်ရေးတွင် ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း အသီးသီးရေးသားဖော်ပြခဲ့ကြသည်။

သီရလင်္ကာနိုင်ငံတွင် ယခုအကြိမ် ကပ်ရောဂါလှိုင်းအသစ်သည် ဧပြီလလယ်ပိုင်းတွင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ မေ ၂၀ ရက် ထုတ်ပြန်ခဲ့သည့်စာရင်းပြုစုချက်အရ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၆၂၃ ဦးရှိပြီး ရောဂါကြောင့် ထပ်မံသေဆုံးသူ ၃၆ ဦးရှိကာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း ထပ်မံကူးစက်ခံရမှု နှင့် ထပ်မံသေဆုံးမှု အများဆုံး စံချိန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际疫情)新一批中国援斯里兰卡新冠疫苗抵达科伦坡

新华社科伦坡5月26日电(记者唐璐)斯里兰卡面临新冠疫情严峻冲击之际,中国政府新一批援斯疫苗25日深夜运抵斯里兰卡科伦坡班达拉奈克国际机场。

斯里兰卡卫生部长万尼亚拉奇等多名斯政府官员与中国驻斯大使戚振宏到机场迎接疫苗。在随后举行的疫苗交接仪式上,戚振宏与万尼亚拉奇分别代表两国政府签署疫苗交接证书。

万尼亚拉奇代表总统戈塔巴雅向中国对斯再次伸出援手、提供新一批疫苗援助表示衷心感谢。她说,这批疫苗将有力推进斯疫苗接种计划,为斯当下疫情防控发挥重要作用。斯里兰卡期待与中方继续加强合作,在疫苗采购、医疗物资供应以及疫苗生产等方面继续得到中国宝贵支持。

戚振宏表示,习近平主席在全球健康峰会上宣布中国将在未来3年内再提供30亿美元国际援助,用于支持发展中国家抗疫和恢复经济社会发展。中国继续向斯提供疫苗援助正是落实上述精神和承诺的具体体现。

26日,斯里兰卡总统戈塔巴雅、总理马欣达分别通过社交媒体发布信息,感谢中国政府继续雪中送炭,帮助斯里兰卡抗击新一波疫情。

斯里兰卡本轮疫情自4月中旬以来日益严峻。斯卫生部本月20日公布的新冠疫情数据显示,该国新增新冠确诊病例3623例,新增死亡36例,创疫情暴发以来单日新增确诊和死亡病例数最高纪录。(完)

Photo
1. 这是5月26日凌晨在斯里兰卡科伦坡班达拉奈克国际机场拍摄的中国政府新一批援斯疫苗。新华社发(阿吉特•佩雷拉摄)

2. 这是5月26日凌晨在斯里兰卡科伦坡班达拉奈克国际机场拍摄的中国政府新一批援斯疫苗。新华社发(阿吉特•佩雷拉摄)