Connect with us

Politics, Law & Military

တရုတ်နိုင်ငံက စစ်မှုထမ်းဟောင်းများအတွက် အမျိုးသားဝန်ဆောင်မှုစင်တာ ဖွင့်လှစ်

တရုတ်နိုင်ငံရှိ စစ်မှုထမ်းဟောင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ စစ်မှုထမ်းဟောင်း လူမှုဖူလုံရေးအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံရေး ထောက်ပံ့ပေးရန် အမျိုးသားစင်တာတစ်ခုအား ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင်စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုစင်တာသည် စစ်မှုထမ်းဟောင်းများ အလုပ်အကိုင်ရှာဖွေခြင်း သို့မဟုတ် စီးပွားရေး စတင်လုပ်ကိုင်ရန်အတွက် ကူညီပေးခြင်း၊ ဆေးကုသမှုနှင့် အကူအညီများ ဦးစားပေး ထောက်ပံ့ခြင်းနှင့် စစ်မှုထမ်းဟောင်းများ လည်ပတ်ရေးခရီးစဉ် စီစဉ်ခြင်းများအား အဓိက တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။

စစ်မှုထမ်းဟောင်းများ ဝန်ဆောင်မှုနှင့် လုံခြုံရေးစနစ်တွင် အဓိက ပါဝင်သောအစိတ်အပိုင်းတစ်ခုမှာ စစ်မှုထမ်းဟောင်းများ၏ အသနားခံစာများနှင့် ခရီးစဉ်များ ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ ၎င်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိူးစီးပွားများအား ကာကွယ်ပေးခြင်းကဲ့သို့သော လုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးခြင်း ဖြစ်သည်။ဒေသအဆင့် ဝန်ဆောင်မှုစင်တာများနှင့် စခန်းများအား နိုင်ငံတစ်ဝန်း တည်ထောင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)