Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွက် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အဆိုပြု

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ဆန်းကျန့်မြို့ရှိ ဗဟိုစီးပွားရေးခရိုင် (CBD) ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွက် အဓိက လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အဆိုပြုခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် အစည်းအဝေးအဆုံးသတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အဆိုပါကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၌  ခြေလှမ်းသစ်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် လွမ်ကျိုးမြို့၊ ကျန့်ကျွမ်းကျေးရွာရှိ စပါးစိုက်ခင်းများကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်၊ ဟဲဖေးမြို့ရှိ ရထားပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတစ်ခုတွင် စက်ပြင်ဆရာတစ်ဦး အလုပ်လုပ်ကိုင်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တိုးတက်မှုအလားအလာများကို အပြည့်အဝဖော်ဆောင်လာခြင်းဖြင့် အရည်အသွေးနှင့် ထိရောက်မှုတွင် အသိအမှတ်ပြုဖွယ် တိုးတက်မှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ပြီး ကြံ့ခိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားသည်။

ပြည်တွင်းဈေးကွက်ကို ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ စီးပွားရေးတည်ဆောက်မှုကိုလည်း ထပ်မံတိုးတက်လာစေမည်ဖြစ်ကြောင်းနှင့် တီထွင်ဆန်းသစ်မှု စွမ်းဆောင်နိုင်ရည်ကို ထိထိရောက်ရောက် အားဖြည့်သွားမည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံကို အဆင့်မြှင့်တင်သွားမည်ဖြစ်သလို စက်မှုလုပ်ငန်းကွင်းဆက်များကိုလည်း ပိုမို၍ ခေတ်မီဆန်းသစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးအတွက် ပိုမိုခိုင်မာသော အုတ်မြစ်နှင့် မြို့ပြနှင့် ကျေးလက်ဒေသများကြားနှင့် မတူညီသောဒေသများကြားတွင် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုညီမျှရေးအတွက် မြင်တွေ့နိုင်မည်ဖြစ်သည်။ ခေတ်မီသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသောတိုးတက်မှုကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့ပြင် ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒတွင် ခြေလှမ်းသစ်များနှင့်အတူ တရုတ်နိုင်ငံသည် ဆိုရှယ်လစ်ဈေးကွက် ပိုမိုတိုးတက်စေမည်ဖြစ်သလို စံနှုန်းမြင့်မားသော ဈေးကွက်စနစ်တစ်ခု တည်ဆောက်ရေး အခြေခံကျကျပြီးပြည့်စုံစေမည်ဖြစ်သည်။

ဈေးကွက်ရပ်တည်မှုအနေဖြင့် ပိုမိုတက်ကြွစွာ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ အရေးပါသော တိုးတက်မှုများကိုလည်း ပိုင်ဆိုင်မှုအခွင့်အရေးစနစ်နှင့် ထုတ်လုပ်မှုကဏ္ဍများ၏ ဈေးကွက်အခြေပြုခွဲဝေသတ်မှတ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မျှတသော ယှဉ်ပြိုင်မှုစနစ် ထပ်မံတိုးတက်လာစေခြင်းဖြင့် တရုတ်နိုင်ငံသည် ပိုမိုအဆင့်မြင့်ပြီး ပွင့်လင်းသောစီးပွားရေး အဖွဲ့အစည်းအသစ်များကို အခြေခံကျကျ ဖွဲ့စည်းသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြည်သူများအနေဖြင့် ဆိုရှယ်လစ်စနစ် အဓိကတန်ဖိုးကို လက်ခံယုံကြည်လာစေမည်ဖြစ်သလို လူမှုရေးကျင့်ဝတ်နှင့် ယဉ်ကျေးမှုဆိုင်ရာအပြုအမူများကို ပိုမို၍ မြှင့်တင်သွားမည်ဖြစ်သည်။ အရေးပါသော တိုးတက်မှုကို ပြည်သူများ၏ ဉာဏ်ပညာနှင့် အကျင့်သိက္ခာဆိုင်ရာ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းကျ အရည်အချင်းများအပြင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။

ပြည်သူ့ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းကဏ္ဍများကိုလည်း ပြည်သူများအတွက် စီစဉ်ထားသည့် ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ဉာဏဆိုင်ရာ အစီအစဉ်များဖြင့် ပိုမို၍ အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုလွှမ်းမိုးမှုကို မြှင့်တင်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုကိုလည်း ပိုမိုတောင့်တင်းခိုင်မာလာစေမည်ဖြစ်သည်။

ပြည်သူများ ချမ်းမြေ့သာယာမှုသည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှင့်အတူ ပြည့်ဝ၍ အရည်အသွေးမြင့်မားသော အလုပ်အကိုင်များ စွမ်းဆောင်နိုင်မည်ဖြစ်ပြီး ဖြန့်ချိရေးအဆောက်အဦတွင် တိုးတက်မှုများ ရရှိမည်ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ အခြေခံပြည်သူ့ဝန်ဆောင်မှုများ အညီအမျှ ပိုမိုရရှိနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ အလွှာစုံ လူမှုဖူလုံရေးစနစ်နှင့် ကျန်းမာရေးစနစ်များကို ထပ်မံမြှင့်တင်စဉ်တွင် တရုတ်နိုင်ငံသားအားလုံး၏ ပညာရေးအဆင့်ကိုလည်း ဆက်လက် တိုးမြှင့်သွားမည် ဖြစ်သည်။
ကြိုးပမ်းအားထုတ်မှုများအနေဖြင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွင် ခိုင်မာသော အောင်မြင်မှုများရရှိရန်နှင့် ကျေးလက်အရေးပါမှု မဟာဗျူဟာကို အပြည့်အဝမြှင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် အုပ်ချုပ်ရေးစွမ်းဆောင်မှု မြှင့်တင်ခြင်း၊ ဆိုရှယ်လစ်ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ခြင်းနှင့် လူမှုရေးမျှတမှုနှင့် တရားစီရင်မှု ထင်ရှားစေခြင်းများကို ပိုမိုလုပ်ဆောင်သွားမည် ဖြစ်သည်။ အမျိုးသား အုပ်ချုပ်ရေးစနစ်ကိုလည်း ပြီးပြည့်စုံသွားစေမည်ဖြစ်ကာ အစိုးရ၏အခန်းကဏ္ဍမှာလည်း ပိုမိုကောင်းမွန်စွာ ပါဝင်သွားမည်ဖြစ်ပြီး အုပ်ချုပ်မှုဆိုင်ရာထိရောက်မှုနှင့် ယုံကြည်မှုများလည်း သိသာထင်ရှားစွာ ခိုင်မာလာမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လူမှုရေးအုပ်ချုပ်မှုအဆင့် အထူးသဖြင့် ရပ်ရွာအဆင့်ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အဓိကအန္တရာယ်များကို ဟန့်တားရန်နှင့် ထိန်းသိမ်းရန် စနစ်များနှင့် ယန္တရားများ စဉ်ဆက်မပြတ် တိုးတက်မှုရှိစေမည်ဖြစ်ကြောင်း၊ အများပြည်သူဆိုင်ရာ အရေးပေါ်အခြေအနေများ တုံ့ပြန်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေး စွမ်းဆောင်မှုများကို ကြီးမားစွာ တိုးတက်မှုရှိစေမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံခြုံရေးအာမခံချက် ခိုင်မာစေမည်ဖြစ်ကြောင်းနှင့် နိုင်ငံကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကတိုးတက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)