Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အာဆီယံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ကော်မတီတို့ တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အာဆီယံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ကော်မတီ (CPR) အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဆီယံနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး Elizabeth Buensuceso ဦးဆောင်လာသော အာဆီယံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ကော်မတီ (CPR) အား မြို့တော် ပေကျင်း၌ စက်တင်ဘာလ ၁၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနို်င်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ နိုင်ငံငယ်များနှင့် အလယ်အလတ်နိုင်ငံများအကြား ဆက်ဆံရေး အရေးပါမှုကို အလွန်အလေးထားပါကြောင်း ဝမ်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အာဆီယံအား တရုတ်နိုင်ငံ၏ သံတမန်ရေးအခြေအနေ၏ အရေးကြီးတဲ့နေရာနဲ့ အိမ်နီးချင်း သံခင်းတမန်ခင်း ဦးစားပေးလမ်းကြောင်းမှာ ထားရှိပါတယ်” ဟု ဝမ်က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် ဘက်ပေါင်းစုံပါဝင်သော ဥပဒေများ၊ ဘုံ အကျိုးစီးပွားများနှင့် ဒေသဆိုင်ရာ လုံခြုံရေးအား အတူတကွလုပ်ဆောင်ရန်နှင့် အခိုင်အမာ ထိန်းသိမ်းရန် ပြောကြားခဲ့သည်။

ကိုယ်စားလှယ်များကလည်း တရုတ်နိုင်ငံနှင့်အတူ ပိုမို ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့၏ဆန္ဒအား ဖော်ပြခဲ့ပြီး ကဏ္ဍစုံစည်းမျဉ်းစည်းကမ်းများ ပူးပေါင်းထိန်းသိမ်းရန်နှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သော စီးပွားရေး မိတ်ဖက် ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်း အရှိန်မြှင့်လုပ်ဆောင်ရန် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.