Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဩဂုတ် ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် လီသည် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith နှင့်အတူ အစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen ၊ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာနှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်  Nguyen Xuan Phuc တို့လည်း အစည်းအဝေးသို့ တက်ရောက်ကြမည် ဖြစ်သည်။ 

တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ်တွင် အစပြုခဲ့သည့် LMC တွင် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံ ခြောက်နိုင်ငံ ပါဝင်သည်။ 

လန်ချန်းမြစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံစီးဆင်းလာခဲ့သည်။ အဆိုပါ မြစ်သည် ဖြတ်သန်းစီးဆင်းရာ အခြားနိုင်ငံငါးနိုင်ငံ၌ မဲခေါင်မြစ်ဟု အမည်တွင်ပြီး ပင်လယ်ထဲသို့ စီးဝင်သွားခြင်းဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.