Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယမြောက် စာအုပ်ကို နိုင်ငံ ၁၆ နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ “Xi Jinping: The Governance of China” အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယမြောက် စာအုပ်အား ဘာသာပြန်ဆိုရန်နှင့် ပုံနှိပ်ထုတ်ဝေရန်အတွက် တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကား ပုံနှိပ်စက် (FLP) နှင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အဓိက စာအုပ်ထုတ်ဝေရေး ပုံနှိပ်တိုက်အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးလိုက်သည့် နိုင်ငံများမှာ အီတလီ၊ ယူကရိန်း၊ အယ်ဘေးနီးယား၊ ရိုမေးနီးယား၊ ကင်ညာ၊ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မွန်ဂိုလီယား၊ နီပေါ၊ သီရိလင်္ကာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ ဖြစ်ကြောင်း FLP က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်၌ ဖော်ပြထားသည်။

သမ္မတ ရှီကျင့်ဖိန်၏ ဒုတိယမြောက် စာအုပ် “Xi Jinping: The Governance of China” အား နိုဝင်ဘာလ ၇ ရက်က တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ပြင်သစ်၊ ရုရှားနှင့် စပိန် စသည့် ဘာသာစကားများဖြင့် ဘာသာပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ဒုတိယမြောက် စာအုပ်တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်အထိ သမ္မတ ရှီ၏ မိန့်ခွန်းများ၊ ပြောစကားများ၊ ညွှန်ကြားချက်များနှင့် ပေးစာများ စုစုပေါင်း ၉၉ မျိုးနှင့် ဓာတ်ပုံ ၂၉ ပုံ စသည်တို့ ပါရှိကြောင်း၊ ယင်း စာအုပ်တွင် ခေါင်းစဉ်ခွဲပေါင်း ၁၇ ခုဖြင့် ရေးသားထားပြီး မှတ်ချက် အချို့လည်း ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ် ပြည်သူများအား စုစည်းကာ ဦးဆောင်ခဲ့သော ရှီအား ဗဟိုပြုကာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အလေ့အထများအား လိုက်နာရန်နှင့် ခေတ်သစ်တွင် တရုတ် သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရန် စသည့်အကြောင်းအရာများ ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ စာအုပ်အတွင်း ခေတ်သစ်အတွက် တရုတ် သွင်ပြင်လက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အပေါ် သမ္မတ ရှီ၏ အတွေးအခေါ်အား အဓိက ထင်ဟပ်စေမည် ဖြစ်သည်။

သမ္မတ ရှီ၏ ပထမ စာအုပ် “Xi Jinping: The Governance of China” ကို ၂၀၁၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ကမ္ဘာတစ်ဝန်း ဘာသာစကား ၂၄ မျိုးသို့ ပြန်ဆိုခဲ့ပြီး အုပ်ရေ ၆.၆ သန်း ရောင်းချခဲ့ရပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.