Connect with us

Politics, Law & Military

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် တို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ Davos မြို့ တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ် ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

သမ္မတရှီ၏ ဂုဏ်ပြုသဝဏ်လွှာထဲတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်လိုက်လျော်ညီရုံသာမက နိုင်ငံတကာ အသိုက်အဝန်း၏ တူညီသည့်မျှော်လင့်ချက် စိတ်ဆန္ဒလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ပဋိပက္ခ ထိပ်တိုက်ရင်ဆိုင်မှုများမပြုခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်း စိတ်ဓါတ်အား လက်ကိုင်ထား၍ ပူးပေါင်းဆောင်ရွက်မှုကို စူးစိုက်အားထုတ်ပြီး ကွဲပြားခြားနားမှုများကို စီမံထိန်းချုပ်ခြင်းဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ရှေ့တိုး ဖွံ့ဖြိုးနိုင်ရန် တွန်းအားပေးဆောင်ရွက်ကာ နိုင်ငံအသီးသီး၊နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဟူသော မြင့်မြတ်သည့် လုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီဆန်းက ကားမလာ ဟဲရစ်အား အမေရိကန်နိုင်ငံ ဒုတိယ သမ္မတအဖြစ် ရွေးကောက်ခံရခြင်း အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။(Xinhua)