Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါသူ တို့ ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ အား ဘက်စုံ ဖြေရှင်းပေးနိုင်ခဲ့

တရုတ် နိုင်ငံ သောက်သုံရေ လုံခြုံမှု ရရှိရေး စီမံကိန်း တစ်ခု တွင် ရေသိုလှောင်ကန် တည်ဆောက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု အတွင်းရှိ အလွန် ဆင်းရဲနွမ်းပါးသော ခရိုင် ၇ ခု တို့ ၏ သောက်သုံးရေ လုံခြုံမှု လုပ်ငန်း စီမံကိန်း များ ဇွန်လတွင် ပြီးစီးသွား ခဲ့သဖြင့် သတ်မှတ်ချက်များအရ တရုတ် နိုင်ငံ ရှိ ဆင်းရဲနွမ်းပါသူ တို့၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ က ဘက်စုံဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာန က သြဂုတ် ၂၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရေအရင်းအမြစ် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ထျန်ရွယ်ပင်း က သြဂုတ် ၂၁ ရက် ၌ နိုင်ငံတော်ကောင်စီ တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ၁၂ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ချမှတ် ခဲ့ပြီးနောက် တွင် တရုတ် နိုင်ငံ က ကျေးရွာ သောက်သုံးရေ လုံခြုံမှု ပြဿနာ အား အခြေခံအားဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက် ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ဆောင်ရွက်ရာ တွင် တရုတ် နိုင်ငံ အနေဖြင့် ကျေးရွာသောက်သုံးရေ လုံခြုံမှု ပိုမို ခိုင်မာအောင် အဆင့်မြှင့်တင်သည့် စီမံကိန်း ဆောင်ရွက်ခဲ့ကြောင်း ၊ ဘက်စုံတွန်းအားပေး ဆောင်ရွက်မှု ဖြင့် ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်ချိန် တွင် တစ်နိုင်ငံလုံး အတိုင်းအတာ တွင် ကျေးလက်ဒေသ ရှိ လူပေါင်း ၂၅၆ သန်း ၏ သောက်သုံးရေ ထောက်ပံ့မှု အာမခံချက် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူ ၁၇.၁ သန်း ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ ကို ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထျန်ရွယ်ပင်း က ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသူ တို့ ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ အား ဖြေရှင်းခြင်း သည် ပြည်သူလူထု လူနေမှု ဘဝ ပိုမိုကောင်းမွန်စေရန် အတွက် အရေးပါသည့် ကိစ္စရပ် ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်း ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ် နှစ်ကုန်ချိန်တွင် ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု ရှိ ဆင်းရဲနွမ်းပါးသူ ၂၅,၀၀၀ ခန့် ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ ကိုသာ ဖြေရှင်းရန် ကျန်ရှိတော့ကြောင်း ၊ ရှင်းကျန်း ကျားစစ် ခရိုင် က Taklamakan သဲကန္တာရ ဘေးတွင် တည်ရှိပြီး ငလျင်မကြာခဏ လှုပ်ခတ် သည့် ထူးခြားသော ပထဝီ အနေအထား တွင် တည်ရှိနေသောကြောင့် ရေအရည်အသွေး ပြည့်ဝ အောင် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း အရည်အသွေး မပြည့်မီ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ဗဟို ကော်မတီ ၏ ထောက်ခံအားပေးမှုအောက်တွင် ကျားစစ် ခရိုင် သို့ ခရိုင် ၃ ခု ကို ဖြတ်ကျော်၍ အရည်အသွေး ပြည့်ဝ သည့် ရေ ရရှိအောင် ပို့ဆောင်ပေးခဲ့ရကြောင်း ၊ လျှမ်စမ်း စီရင်စု ရှိ အလွန် ဆင်းရဲနွမ်းပါးသည့် ခရိုင် ၇ ခု ၏ သောက်သုံးရေ လုံခြုံမှု ရရှိရေး စီမံကိန်း က အလွန် ခက်ခဲစွာ ဆောင်ရွက်ခဲ့ရပြီး သတ်မှတ်ချိန် အတွင်း လုပ်ငန်းဆောင်ရွက်မှု ပြီးစီး စေရန် အတွက် ရေအရင်းအမြစ် ဝန်ကြီးဌာန အနေဖြင့် စီမံအုပ်ချုပ်မှု လုပ်ငန်းများစွာ ဆောင်ရွက် ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဒုတိယ ဝန်ကြီး က  ရှင်းကျင်း ကျားစစ် ခရိုင် သောက်သုံးရေ လုံခြုံမှု ရရှိရေး စီမံကိန်း က မေလ ၂၇ ရက် ၌ သောက်သုံးရေ စတင် ထောက်ပံ့ပေး နိုင်ခဲ့ပြီး ဇွန်လကုန်ချိန်တွင် လျှမ်စမ်း စီရင်စု ၏ ခရိုင် ၇ ခု သောက်သုံးရေ စီမံကိန်း ကိုလည်း ပြီးစီးဆောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ယင်းအချိန် မှ စတင်၍ တရုတ် နိုင်ငံ တစ်နိုင်ငံလုံး ရှိ ဆင်းရဲနွမ်းပါးသူ တို့ ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ က ဘက်စုံ ဖြေရှင်းနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တစ်နိုင်ငံလုံးရှိ ၈၀ ရာခိုင်နှုန်း အထက် သော ကျေးရွာများ က သောက်သုံးရေ ရရှိနိုင်ခဲ့ပြီး ရေအရည်အသွေးလည်း သိသာစွာ ကောင်းမွန်လာ ခဲ့ကာ ရေရှားပါးမှု မရှိတော့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ရေအရင်းမြစ် ဝန်ကြီးဌာန သောက်သုံရေ လုံခြုံမှု ရရှိရေး စင်တာ ၏ အင်ဂျင်နီယာချုပ် ဟန်ကျိန့်ကျိုး က ၂၀၂၀ ခုနှစ် သည် ဘက်စုံသာယာနာပျော်ဖွယ်ကောင်း သော လူနေမှုဘဝ တည်ဆောက်သည့် နှစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ၏ နောက်ဆုံး တိုက်ပွဲ နှစ် ဖြစ်ကြောင်း ၊ ဆင်းရဲနွမ်းပါးသူ တို့ ၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ အား ဖြေရှင်းနိုင်ခဲ့ခြင်း သည် ဆင်းရဲနွမ်းပါးသူ ၁၇.၁ သန်း အား အကျိုးဖြစ်ထွန်းစေရုံသာ မက သက်ဆိုင်ရာ ဒေသ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း အထောက်အကူဖြစ်စေပြီး ဘက်စုံသာယာနေပျော်ဖွယ် ကောင်းသော လူနေမှု ဘဝ တည်ဆောက်ရေး ၏ အခြေခံလည်း ဖြစ်ကြောင်း ၊ သို့သော် တရုတ် နိုင်ငံ ကျေးလက်ဒေသ နေ ပြည်သူလူထု တို့က တစ်စုတစ်စည်းတည်း နေထိုင်ခြင်း မရှိဘဲ ပထဝီ အနေအထား ခြားနားမှု လွန်စွာ ကြီးမားသောကြောင့် လက်ရှိအချိန် တွင် သောက်သုံးရေ ထောက်ပံ့မှု အဆင့် က အခြေခံ အဆင့်တွင်သာ ရှိသေးကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် ရေအရင်းအမြစ် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ထျန်ရွယ်ပင်း က မိမိ တို့ အနေဖြင့် သတိလက်လွတ် လုံးဝ ပြုလုပ်၍ မရဘဲ နောက်တစ်ဆင့် အနေဖြင့် ထင်ရှားသော ပြဿနာ များ နှင့် အားနည်းချက် များကို ဖြေရှင်းသွားကာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှု များကို ပိုမိုခိုင်မာ အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ကျေးလက်ဒေသ ရေထောက်ပံ့ရေး စီမံကိန်းများကို ဆက်လက်တည်ဆောက်ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း တို့ကို ဆောင်ရွက်သွားပြီး ရေအရင်းအမြစ် နှင့် ရေ အရည်အသွေး ကို ထိန်းသိမ်းသွားကာ ကျေးလက်ဒေသ သို့ သောက်သုံးရေ ထောက်ပံ့သည့် အဆင့်အတန်း အဆက်မပြတ် မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)