Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas မေလပိုင်း တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နယူးယောက်မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က လက်ရှိ နိုင်ငံတကာ အခြေအနေ မှာ လွန်စွာ ရှုပ်ထွေးနေပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ဦးမော့လာကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် ကို ခိုင်မြဲစွာ ထိန်းသိမ်းခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ကို ဗဟိုပြု၍ နိုင်ငံတကာ ကုန်သွယ်မှု စည်းစနစ်ကို ခိုင်မြဲစွာ ထိန်းသိမ်းပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ဖော်ဆောင်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၊ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ၊ “16+1 ပူးပေါင်းဆောင်ရွက်မှု” စသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်မှု များ က နိုင်ငံတကာ အဖွဲ့အစည်း ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် အတွက် ပွင့်လင်းမြင်သာ သည် ဖော်ဆောင်မှုများ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခု အကြိမ် ကုလသမဂ္ဂ အစည်းအဝေး တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ က အဓိက ဆွေးနွေးပြောဆို သည့် မူဝါဒ ဖြစ်ခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ မှ လာမည့်နှစ်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် ယာယီ ကောင်စီဝင် နိုင်ငံ အဖြစ် တာဝန်ယူမည် ကို ဂုဏ်ပြုလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ နှင့် အတူတကွ လုံခြုံရေး ကောင်စီတွင် ညှိနှိုင်းဆောင်ရွက်မှုများ တိုးချဲ့ ကာ နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် တွင် ဖလှယ်မှုများ တိုးမြှင့်ပြီး နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်များကို ထိန်းသိမ်း ကာ ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ တရားဝင် အခွင့်အရေး များ ကို တိုးချဲ့ထိန်းသိမ်းပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

Heiko Maas က ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အနေဖြင့် နှစ်စဉ် တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ်ခဲ့ပြီး ယင်းဆောင်ရွက်မှု သည်လည်း ဂျာမနီ နိုင်ငံ မှ တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထား သည်ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ဂျာမနီ နှင့် တရုတ် နိုင်ငံ တို့ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို အတူတကွ ခိုင်မြဲစွာ ထောက်ခံခဲ့ကြပြီး အခြား နိုင်ငံတကာ အဖွဲ့အစည်း များတွင်လည်း တူညီသည့် သဘောထား ရပ်တည်မှု ရှိကြကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ စသည့် နိုင်ငံတကာ အဖွဲ့အစည်း များတွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိလိုကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ ဆက်ဆံရေး မှာ ဖွဲ့စည်းမှု ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး အီးယူ အနေဖြင့် ပိတ်ဆို့ အရေးယူမှု နှင့် အခွန်စည်းကြပ်မှု တို့အား အဓိက နိုင်ငံခြားရေး ဆောင်ရွက်မှု အဖြစ် ပြုလုပ်ခြင်း ကို လက်မခံကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် အီယူ နှင့် တရုတ် နိုင်ငံ အကြား နိုင်ငံတကာ ကိစ္စရပ် များတွင် ညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တရုတ်-ဂျာမနီ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ မှ အတူတကွ စိတ်ဝင်စား သည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များ နှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.