Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေး ဝန်ကြီး က နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် ပြောကြား

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား စက်တင်ဘာ ၂၆ ရက် ၌ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး၌ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲတွင် တရုတ် နိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း အမေရိကန်အစိုးရ၏ ပြောကြားမှု အပေါ် တရုတ်နိုင်ငံအနေဖြင့် အခြားမည်သည့် နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မူဝါဒကို ခိုင်မြဲစွာ စောင့်ထိန်းသလို ၊ မည်သည့် နိုင်ငံ တစ်နိုင်ငံကမျှ အခြားတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် လိုကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။

ဝမ်ရိ က အခြား နိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်မစွက်ဖက် သည့် မူဝါဒ သည် တရုတ် နိုင်ငံ အစိုးရ ၏ ကာလတစ်လျှောက် ဆောက်တည်ခဲ့သည့် မူဝါဒ တစ်ရပ် ဖြစ်ပြီး တရုတ် နိုင်ငံ ၏ ရိုးရာ သံတမန် အစဉ်အလာ တစ်ရပ်ဖြစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချီးမွမ်းထောက်ခံမှု ကိုလည်း ရရှိထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခင်ချိန် ၊ လက်ရှိချိန် နှင့် အနာဂတ် တို့တွင် မည်သည့် နိုင်ငံ ၏ ပြည်တွင်းရေး ကိုမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ တရုတ် နိုင်ငံ အပေါ် အထောက်အထားမဲ့ စွပ်စွဲပြောကြားမှု ကိုမှ လက်ခံမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က နိုင်ငံအသီးသီး အနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း တွင် ပါဝင်သည့် အချက်အလက် များအား လိုက်နာသွားရန် တိုက်တွန်းပြီး အခြား နိုင်ငံ ၏ ပြည်တွင်းရေး အား ဝင်ရောက်မစွက်ဖက်ကြရန် ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.