Connect with us

Politics, Law & Military

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC)တွင် ညီလာခံကိုယ်စားလှယ်များက အကြံပြုချက်ပေါင်း ၅ဝဝဝ ကျော်တင်သွင်းခဲ့

၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ နှစ်ပတ်လည်း အစည်းအဝေး မြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် မတ်လ ၇ ရက်တွင် စတင်ခဲ့သည့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်များက အကြံပြုချက်ပေါင်း ၅၂၁ဝ ခုကို တင်သွင်းခဲ့ကြောင်း မတ်လ ၁၃ ရက် က ထုတ်ပြန်သော ညီလာခံ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့အနက် အကြံပြုချက်ပေါင်း ၄၁၅၆ ခုမှာ ပြန်လည်စိစစ်ပြီးနောက်ဆောင်ရွက်ခဲ့သော တရားဝင် စီမံကိန်းများဖြစ်ကြောင်း ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ၏ ၅ ကြိမ်မြောက်အစည်းအဝေး၏ တံခါးပိတ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော အစီရင်ခံစာအရသိရသည်။

အကြံပြုချက် စုစုပေါင်း၏ ၃၄.၇၂ ရာခိုင်နှုန်းသည် စီးပွားရေးဆိုင်ရာများ နှင့် ၁၁.၆၇ ရာခိုင်နှုန်းသည် နိုင်ငံရေးရာ ကိစ္စရပ်များဖြစ်ကြောင်း ၊ လူမှုရေးရာ နှင့် ဂေဟစနစ်ဆောင်ရွက်မှုများနှင့်သက်ဆိုင်သော အကြံပြုချက် မှာ ၃၅.၄၉ ရာခိုင်နှုန်း နှင့် ကျန်ရှိသော ၁ဝ.၁၃ ရာခိုင်နှုန်းမှာ အခြားအကြောင်းအရာများ ဖြစ်ကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

ညီလာခံကိုယ်စားလှယ် စုစုပေါင်း ၁၉၄၅ ဦးက အကြံပြုလွှာများတင်သွင်းခဲ့သဖြင့် စုစုပေါင်း ညီလာခံကိုယ်စားလှယ်အားလုံး၏ ၈၈.၄၁ ရာခိုင်နှုန်းက အကြံပြုချက်များတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.