Connect with us

Politics, Law & Military

တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ရှင်းလင်းသည့်မူဘောင် ထားရှိရန် လိုအပ်ဟု ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်မှုတွင် တွေ့ရစဉ်( ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ရှင်းလင်းသည့်မူဘောင်များ ထားရှိရန်လိုအပ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အပေါ်ထားရှိသည့် မူဝါဒများသည် ဆက်စပ်မှု၊တည်ငြိမ်မှုရှိသလို နှစ်နိုင်ငံဆက်ဆံရေး တောင်ကုန်းနှင့်မိုးဒဏ်လေဒဏ် အခက်အခဲကို ကျော်လွှားဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဩဂုတ် ၅ ရက် ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်မှုတွင် တွေ့ရစဉ်( ဆင်ဟွာ)

“အခြေခံအားဖြင့်ဆိုရရင် အမေရိကန်က တရုတ်နိုင်ငံကို ပြိုင်ဘက်အဖြစ် ပုံဖော်သဘောထားခြင်းဟာ ဆိုးဝါးတဲ့ မဟာဗျူဟာ ဆုံးဖြတ်မှုအမှားဖြစ်ပြီး  ၎င်း၏ မဟာဗျူဟာအရင်းအမြစ်များကိုပါ မှားယွင်းသည့် ဦးတည်ရာသို့ သွပ်သွင်းလိုက်ခြင်းပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခထိပ်တိုက်ရင်ဆိုင်မှုများ မရှိသည့် အပြန်အလှန်လေးစားမှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုမှုကို အစဉ်အမြဲအခြေခံပြီး အမေရိကန်နဲ့အတူ ညှိနှိုင်းဆွေးနွေးမှု၊ပူးပေါင်းဆောင်ရွက်မှု၊တည်ငြိမ်မှုရှိသော နှစ်နိုင်ငံဆက်ဆံရေးကို အတူ တည်ဆောက်သွားလိုပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်တော်တို့က မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊လုံခြုံရေး၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒါက လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်အခွင့်အရေးပဲဖြစ်တယ်။ အမေရိကန်အနေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်မျာ အဆိုပြုထားတဲ့ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှရှိခြင်း ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ်။ မတူညီတဲ့စနစ်များမှာ ကိုက်ညီအောင်နေထိုင်တတ်ရမှာဖြစ်ပြီး မတူညီတဲ့ယဉ်ကျေးမှုမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တတ်ရမည်ဖြစ်ကာ ကမ္ဘာကြီးရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးလာမှုလက်တွေ့အခြေအနေကို လက်ခံတတ်ရမှာဖြစ်ပါတယ်။” ဝမ်ရိက ဆိုသည်။

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် အရှုပ်ထွေးဆုံးအခြေအနေကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှင်းလင်းသည့် မူဘောင်ထားရှိရန် လိုအပ်ကြောင်း  ၎င်းကဆက်လက်ပြောကြားခဲ့သည်။ပထမအနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်လွှဲနိုင်ရန်အတွက် တိကျရှင်းလင်းသည့် နောက်ဆုံးလက်ခံနိုင်မှုစည်းမျဉ်းတစ်ခုကို ထားရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆိုသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့်အချက်မှာ အပြန်အလှန်လေးစားမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ရွေးကောက်ပွဲနှင့်ပြည်တွင်းရေးကိုစွက်ဖက်ရန် ဆန္ဒမရှိသလို စွက်ဖက်မည်လည်းမဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့်လည်း မိမိ၏လိုအပ်ချက်အတိုင်း တရုတ်နိုင်ငံကို ပုံသွင်းမည့် စိတ်ကူးယဉ်မှုကို စွန့်လွှတ်သင့်သလို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို အဓိပ္ပါယ်မဲ့ စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးကို အဓိပ္ပါယ်မဲ့ဖိနှိပ်ခြင်းတို့ကို ရပ်တန့်သင့်ကြောင်း ဆိုသည်။ဒုတိယအနေဖြင့် ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို ဖွင့်လှစ်ထားရမည်ဖြစ်သည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုသည် ပြဿနာဖြေရှင်းရေးအတွက် ရှေးဦးလိုအပ်ချက်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုမရှိပါက အရေးကိစ္စ ပြဿနာများသည် ပို၍စုပြုံများပြားလာမည်ဖြစ်သလို ထိန်းမနိုင်သိမ်းမရ အခြေအနေလည်း ဖြစ်နိုင်ကြောင်း ၊ တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေးသည် တံခါးကို ဖွင့်ထားပြီးဖြစ်ရာ အမေရိကန်နှင့် မျှတပွင့်လင်းမှုရှိစွာတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ အလွှာအသီးသီး၊ကဏ္ဍအသီးသီးသည် ဆွေးနွေးညှိနှိုင်းမှုစနစ်ကို ပြန်လည်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တတိယအနေဖြင့် သီးခြားခွဲထွက်မှုမပြုဘဲ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏အကျိုးစီးပွားသည် ရောယှက်လျက်ရှိရာ အတင်းအကျပ် လက်တွဲဖြုတ်ကာ သီးခြားခွဲထွက်မည်ဆိုလျှင်  နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည် ရိုက်ခတ်နိုင်သလို နိုင်ငံတကာ ထုတ်ကုန်လုပ်ငန်းကွင်းဆက်များ၏လုံခြုံရေးနှင့် နိုင်ငံအသီးသီး၏အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကပ်ရောဂါမျက်မှောက်ကာလတွင် မိမိတို့အနေဖြင့် အမေရိကန်နှင့်အတူ ကပ်ရောဂါထိန်းချုပ်ရေး၊ စီးပွားရေးပြန်လည်နိုးထရေးစသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်များကို ဆောင်ရွက်သွားလိုကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေးအတွေ့အကြုံများကို အပြန်အလှန်မျှဝေဖလှယ်သွားကာ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အတူပါဝင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း  ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မှုများကို စွန့်လွတ်၍ အတူ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ယနေ့ခေတ် ကမ္ဘာကြီးသည်  ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ မပြတ်ရှိနေပြီး  သမာရိုးကျ လုံခြုံရေးနှင့် သမာရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများ ရောယှက်လျက်ရှိရာ နိုင်ငံတကာနှင့်ဒေသရေးရာအရေးကြီးကိစ္စများအားလုံးနီးပါးသည် တရုတ်-အမေရိကန်နှင့် ကမ္ဘာနိုင်ငံအသီးသီး၏ ညှိနှိုင်းဆွေးနွေးရင်ဆိုင်ဖြေရှင်းမှုနှင့် ကင်းကွာ၍မရကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ံစလုံးသည် လူသားမျိုးနွယ်ဟူသော စိတ်ဓါတ်ဖြင့် နိုင်ငံကြီး၏တာဝန်ကို ထမ်းဆောင်ကာ ကုလသမဂ္ဂအစရှိသော ဘက်ပေါင်းစုံစနစ်မှ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ၏ တည်ငြိမ်အေးချမ်းရေးကို အတူအားထုတ်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။  (Xinhua)