Politics, Law & Military
ဖိလစ်ပိုင် သမ္မတ တရုတ်သို့ လာရောက် လည်ပတ်မည်

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
ယင်း ကြေညာချက်အား တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ (Xinhua)