Connect with us

Politics, Law & Military

တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများ ဆက်ဆံရေး ခိုင်မာစွာ တည်ဆောက်လိုကြောင်း တရုတ် ဝန်ကြီးချုပ် လီ ပြောကြား

တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ငါးကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး၌ မိန့်ခွန်းပြောနေသည့် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ပေါ်တူဂီစကားပြောနိုင်ငံများနှင့်အတူ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာလရှည် တည်ငြိမ်ပြီး ခိုင်မာသော မိတ်ဖက် ဆက်ဆံရေး တိုးတက်မှု ရှိစေရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာလ ၁၁ ရက်က ပြောသည်။

တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများသည် ကမ္ဘာ့ စီးပွားရေး၏ ၁၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ လူဦးရေ၏ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ဘုံ အကျိုးစီးပွားများနှင့် အပြန်အလှန် ထောက်ပံ့မှုများ တိုးတက်လျက်ရှိကြောင်း တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ငါးကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က ပြောသည်။

တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများအကြား ဆက်ဆံရေးသည် သမိုင်းကြောင်းတွင် အကောင်းဆုံး ကာလ၌ ရောက်ရှိနေကြောင်း၊ နှစ်ဘက် ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.