Connect with us

Politics, Law & Military

မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်သွားမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် Li Zhanshu အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း ဥပဒေပြုအမတ် Li Zhanshu သည် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဖြစ်သူ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

CPC ဗဟိုကော်မတီ နိုင်ငံတကာဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၄ ရက်တွင် ပေကျင်းမြို့၌ အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

CPC ဗဟိုကော်မတီ အမြဲတမ်းကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ လီသည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် လှုပ်ရှားမှုပွဲများတွင် တက်ရောက်မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လီသည် ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီနှင့် မြောက်ကိုရီးယားနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.