Connect with us

Politics, Law & Military

လာမည့်ရက်သတ္တပတ်တွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့် လက်မှတ်ထိုးရန်ရှိ

တရုတ် ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံဆိုင်ရာ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှု ခေါင်းဆောင် လျူဟဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို ဝါရှင်တန်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာန (MOC) က ဇန်နဝါရီ ၉ ရက်၌ ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံဘက်မှ ဖိတ်ကြားချက်အရ တရုတ် ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲက ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ဝါရှင်တန်သို့သွားမည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း MOC ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များက သဘောတူညီချက် လက်မှတ်ရေးထိုးရေး စီစဉ်မှုများအတွက် အနီးကပ် ဆက်သွယ်လျက်ရှိကြောင်း ကောင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)