Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်ကြောင်း ပြောကြား

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး၌ အဖွင့်မိန့် ခွန်းပြောကြားနေသော သမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးပွင့်လင်းလာစေရန် နှင့် ဘက်စုံကုန်သွယ်ရေးစနစ် အပြည့်အဝေ အကာအကွယ်ပေးရန် ဆန္ဒရှိပြီး တစ်ချိန်တည်းမှာပင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒကို ဆန့်ကျင်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွင် မရေရာမှုများ နှင့် မျှော်မှန်း၍မရသော အခြေအနေများဖြင့် ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတံခါးဖွင့်ရန် နှင့် win-win ပူးပေါင်းဆောင်ရွက်မှုအတွက် တံခါးဖွင့်စီးပွားရေးစနစ် ဖြစ်ထွန်းရန် ဆက်လက်ထိန်းသိမ်းသွားမည်ကို ကတိပြုကြောင်း တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး ၌ အဖွင့်မိန့်ခွန်းပြောကြားစဉ် သမ္မတရှီကျင့်ဖိန် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။“ ကျွန်းတစ်ကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကို အထီးကျန်အောင် လုပ်တဲ့ ဘယ်သူမဆို သူ့အတွက် အနာဂတ်မရှိပါဘူး” ဟူ၍ ရှီက ဆိုသည်။(Xinhua)