Connect with us

Politics, Law & Military

ဟောင်ကောင် အမတ် အချို့ ကန့်ကွက်သောကြောင့် ၂၀၁၇ ခုနှစ် ဟောင်ကောင် အုပ်ချုပ်ရေးမှူး သစ်ကို မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးကောက် တင်မြှောက်ခွင့် အား ပယ်ချ

ဟောင်ကောင် လွှတ်တော်အစည်းအဝေးတွင် ဟောင်ကောင်အထူးဒေသ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အဆိုကို မဲပေးရန် ဇွန်လ ၁၈ ရက်နေ့တွင် ဆွေးနွေး နေစဉ်။(ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးဒေသ ဥပဒေပြုကောင်စီ မှ ကိုယ်စားလှယ် အမတ် အချို့ ကန့်ကွက်ခဲ့သောကြောင့် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး ကို ပယ်ချ ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ပဉ္စမ အကြိမ်မြောက် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး ကို မဲပေးပိုင်ခွင့် ရှိသူတိုင်း ပါဝင် မဲပေး ရွေးချယ် နိုင်မည်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြှောက်ရေး ကော်မတီ မှ ဆက်လက် ရွေးချယ် တင်မြှောက် သွားမည် ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်ခန့် တွင် ဥပဒေပြု ကောင်စီ ၌ မဲခွဲ ဆုံးဖြတ်မှု ပြီးဆုံးခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် အမတ် အယောက် ၇၀ မှ အမတ် အများစု သည် မဲပေး ဆုံးဖြတ်ခြင်း မတိုင်ခင် ထွက်ခွာ သွားခဲ့ကြပြီး ကျန်ရှိသည့် အမတ် ၃၇ ဦး မှ ၈ ဦးထောက်ခံကာ ၂၈ ဦး ကန့်ကွက် ခဲ့ပြီး ဥပဒေပြု ကောင်စီ ဥက္ကဌ ကျိမ်ယိချိန် (Zeng Yucheng) မှ ယခင် လုပ်ရိုးလုပ်စဉ် အတိုင်း မဲပေးခြင်း မပြုလုပ် ခဲ့ပါ။ ဥပဒေ ပြင်ဆင်ရေး အဆို တင်သွင်းမှု သည် ထောက်ခံမဲ သုံးပုံနှစ်ပုံ အထက် မရရှိခဲ့သော ကြောင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ဟောင်ကောင် အထူးဒေသ အစိုးရ မှ ဇွန်လ ၁၇ ရက်နေ့ ဥပဒေပြု ကောင်စီ အစည်းအဝေး တွင် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး ကို အဆိုတင်သွင်း ခဲ့သည်။ အချိန် ၉ နာရီကြာ ဆွေးနွေးခဲ့ကြပြီး အမတ် ပေါင်း ၄၁ ဦးမှ ဆွေးနွေးချက် များ ပြောကြားခဲ့သည်။ ဥပဒေပြုကောင်စီ မှ ဇွန်လ ၁၈ ရက် နေ့လည် ၁၂ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး နေ့လည် ၁၂နာရီခွဲခန့်တွင် မဲပေးဆုံးဖြတ် ခဲ့ကြသည်။

တရုတ် နိုင်ငံတော် ကောင်စီ ဟောင်ကောင်-မကာအို ရေးရာ ဌာန ပြောရေး ဆိုခွင့်ရှိသူ မှ မဲခွဲ ဆုံးဖြတ်မှု နှင့် ပတ်သက်၍ ပြောကြားရာတွင် ဤ အဖြေသည် ဟောင်ကောင် ပြည်သူ အများစု ၏ ဆန္ဒ နှင့် ဝေးကွာခဲ့ပြီး တရုတ် ဗဟို အစိုးရ မှ မလိုလား သော အဖြေ ဖြစ်ခဲ့ကြောင်း ၊ မဲပေးပိုင်ခွင့် ရှိသူတိုင်း ပါဝင်မဲပေး ခြင်း ဆိုင်ရာ ဥပဒေ ပြင်ဆင်မှု သည် ဟောင်ကောင် အထူးဒေသ အစိုးရ မှ လူမှု ပတ်ဝန်းကျင် ကဏ္ဍ အသီးသီး ၏ အကြံအဉာဏ် ကို အခြေခံ၍ တင်သွင်း ခဲ့ပြီး ဟောင်ကောင် အခြေခံ ဥပဒေ နှင့် တရုတ် အမျိုးသား ဗဟို ကော်မတီ ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက် များနှင့်လည်း ကိုက်ညီခဲ့ကြောင်း ၊ သို့သော် အမတ် အချို့၏ မိမိ အကျိုး မျှော်ကိုးမှု ကြောင့် ဥပဒေ ပြင်ဆင်မှု အဆို ကို ပယ်ချ ခဲ့ပြီး ဟောင်ကောင် ဒီမိုကရေစီ တိုးတက်ရေး ကို အနှောက်အယှက် ဖြစ်စေကာ ဟောင်ကောင် ပြည်သူများ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးကောက် တင်မြှောက် နိုင်သည့် အရေးပါသော အခွင့်အရေး ကို ဆုံးရှုံး စေခဲ့ကြောင်း ၊ ၎င်းတို့ အနေဖြင့် ဤအဖြစ်အပျက် အတွက် တာဝန်ယူ ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြောရေး ဆိုခွင့် ရှိသူမှ တရုတ် နိုင်ငံတော် ကောင်စီ အနေဖြင့် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျိန်ယင်း (Liang Zhenying) ၏ ယခု ကိစ္စ နှင့် ပတ်သက်သည့် ပြောကြားချက် ကို လက်ခံအားပေးကြောင်း ၊ ဟောင်ကောင် အထူးဒေသ အစိုးရ နှင့် ကဏ္ဍ အသီးသီး ရှိ ပြည်သူလူထု မှ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးချယ် နိုင်ရေး အတွက် အဆက်မပြတ် ကြိုးစား အားထုတ်မှု အပေါ် ချီးကျူး ကြောင်း ၊ ဗဟို အစိုးရ အနေဖြင့် ဆက်လက်၍ “တစ်နိုင်ငံ နှစ်စနစ်” နှင့် “ဟောင်ကောင်လူ ဟောင်ကောင်အုပ်ချုပ်ရေး” မူဝါဒ များကို ခိုင်မြဲစွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး နှင့် အစိုးရ အဖွဲ့မှ ဥပဒေ အရ တရားရေးရာ ဆောင်ရွက်မှု ကို ထောက်ခံသွားမည် ဖြစ်ကြောင်း ၊ ဟောင်ကောင် အထူးဒေသ ၏ ဥပဒေ နှင့် အညီ ဒီမိုကရေစီ ဖော်ဆောင်ရေး မှ နောက်ဆုံး မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးချယ်ခွင့် ရရှိရန် ဆောင်ရွက် ခြင်း များ ကို ထောက်ခံသွားမည် ဖြစ်ကြောင်း ၊ ဗဟို အစိုးရ အနေဖြင့် ဟောင်ကောင် အထူးဒေသ ကဏ္ဍ အသီးသီး ရှိ ပြည်သူလူထု များသည် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး နှင့် အစိုးရ အဖွဲ့၏ လမ်းညွှန်မှု အောက်တွင် စည်းလုံးညီညွတ် စွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွင် အာရုံစိုက်ပြီး လူမှုဘဝ မြှင့်တင်ကာ ရေရှည် တည်ငြိမ်အေးချမ်းသည့် ဟောင်ကောင် တိုးတက် ဖွံ့ဖြိုးရေး ကို ထိန်းသိမ်း သွား ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ရုံး ပြောရေးဆိုခွင့်ရှိသူ မှ မဲခွဲ ဆုံးဖြတ်မှု ကြောင့် အတည်မပြု နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဟောင်ကောင် အထူးဒေသ ဥပဒေပြုကောင်စီ ရှိ အမတ် အချို့သည် တယူသန် စွာဖြင့် ဗဟို အစိုးရ နှင့် အတိုက်အခံ ရပ်တည်မှု ပြုလုပ်ခဲ့ပြီး ဟောင်ကောင် ပြည်သူလူထု၏ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးချယ် စေလိုသော သဘောထား ကို ဥပေက္ခာ ပြုကာ ဗဟို အစိုးရ ၏ ဆုံးဖြတ်ချက် ကို ပျက်စီး စေခဲ့ကြောင်း ၊ အုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး အဆိုကို အတည်မပြုနိုင်ရန် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ ဟောင်ကောင် ဒီမိုကရေစီ တိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်မှု ကို ရပ်တန့် စေခဲ့ကြောင်း ၊ မိမိ တို့၏ ကိုယ်ကျိုး အတွက် ဆောင်ရွက် နေကြသည် မှာ ပေါ်လွင်ထင်ရှားကြောင်း ၊ ဟောင်ကောင် ဒီမိုကရေစီ တိုးတက်ရေးအား ဟန့်တားခြင်း ဟောင်ကောင် တိုးတက်ဖွံ့ဖြိုးရေး ၏ မူလ အရည်အသွေး ကို ထိခိုက် နစ်နာ စေကြောင်း ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ မှ ဗဟို အစိုးရ အနေဖြင့် ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူးကို မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေး ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးသည် တရုတ် နိုင်ငံတော် ဥပဒေ နှင့် ဟောင်ကောင် အခြေခံ ဥပဒေ နှင့် ကိုက်ညီကြောင်း ၊ အုပ်ချုပ်ရေးမှူး ၏ အဆိုတင်သွင်းမှု နှင့် ကဏ္ဍ အသီးသီးရှိ ဟောင်ကောင် ပြည်သူ များ၏ သဘောထား အမြင်ကို အခြေခံကာ လက်ရှိ နှင့် အနာဂတ် ဟောင်ကောင် လူမှုဘဝ အခြေအနေများကို စဉ်စားကာ အလေးအနက် စိစစ် ဆုံးဖြတ် ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ၊ ဥပဒေ နှင့် အမှန်တရား နှစ်မျိုးလုံး ကိုက်ညီ သော ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး တည်မြဲသည့် ဥပဒေ အရေးပါမှု ရှိကြောင်း ၊ တရုတ် နိုင်ငံတော် မှ ခိုင်မြဲစွာ လက်ကိုင် ထားသည့် “တစ်နိုင်ငံ နှစ်စနစ်” မူဝါဒ သည် အတိမ်းအစောင်း မခံနိုင်ကြောင်း ၊ ဟောင်ကောင် အခြေခံ ဥပဒေ ဖော်ဆောင်ရေး နှင့် တရုတ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ၏ ဆုံးဖြတ်ချက် သည် မည်သည့် အတားအဆီး နှင့် ကြုံတွေ့ စေကာမူ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ၊ ဟောင်ကောင် ဒီမိုကရေစီ တိုးတက်ရေး အတွက် ခိုင်မြဲစွာ တွန်းအား ပေး သွားမည် ဖြစ်ကြောင်း အထူး ပြောကြားခဲ့သည်။ (Xinhua)