Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လုံ အမေရိကန် နိုင်ငံ သို့သွားရောက် လည်ပတ်

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လုံ (ဘယ်) နှင့် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Ashton Carter (ညာ) အား ဇွန်လ ၁၁ ရက်နေ့ ဝါရှင်တန်တွင် ပြုလုပ်သည့် ကြိုဆိုရေး အခမ်းအနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လုံ (Fan Changlong) သည် အမေရိကန် နိုင်ငံသို့ ဇွန်လ ၈ ရက် မှ ၁၂ ရက် အထိ သွားရောက် လည်ပတ် ခဲ့သည်။

လည်ပတ်ရေး ခရီးစဉ် အတွင်း အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Ashton Carter နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ လက်ထောက် Susan Rice၊ ခေတ္တ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Bulin Ken နှင့် အမေရိကန် ကြည်းတပ် ဦးစီးမှူး ဗိုလ်ချုပ်ကြီး Odierno တို့နှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။ ထို့အပြင် ဖန်ချန်လုံ သည် “တရုတ်-အမေရိကန် ကြည်းတပ် ဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တွေ့ဆုံ ဆွေးနွေးရေး မူဘောင်စာတမ်း” လက်မှတ် ရေးထိုးခြင်း ပွဲကိုလည်း တက်ရောက်ခဲ့သည်။

ဖန်ချန်လုံမှ လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် သမ္မတ ရှီကျင့်ဖိန်၏ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်သို့ လာရောက် လည်ပတ်မည့် ခရီးစဉ်သည် ယခုနှစ် တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ၏ အဓိက အရေးကြီး ကိစ္စ ရပ်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် အတူ ပူးပေါင်း ကြိုးပမ်းကာ ထို လည်ပတ်ရေး ခရီးစဉ်မှ ချောမော အောင်မြင်မည့် ရလဒ် ရရှိနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ မိမိ ယခု အကြိမ် လည်ပတ်ရေး ခရီးလာရောက်ခြင်း၏ အဓိက ရည်ရွယ်ချက် မှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင် များ သဘောတူထား သည့် အရေးကြီး အချက်ဖြစ်သည့် နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု တည်ငြိမ် တိုးတက်ရေး အား လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖန်ချန်လုံမှ တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် စစ်ရေးအရ “ယုံကြည်ခြင်း ၊ ပူပေါင်းဆောင်ရွက် ခြင်း ၊ ပဋိပက္ခ မရှိခြင်း ၊ ရေရှည်ဆောင်ရွက် နိုင်ခြင်း” တို့ကို တည်ဆောက် သွားမည် ဖြစ်ပြီး နောက်တစ်ဆင့် အနေဖြင့် ကူးလူးဆက်ဆံရေး တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှု တိုးချ့ဲပြီး အန္တရာယ် ရှိသည့် လုပ်ဆောင်မှု များကို ထိန်းချုပ် သွားရန် အကြံပြု ထုတ်ဖော် ပြောကြားခဲ့သည်။

Ashton Carter မှ အမေရိကန်-တရုတ် နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး သည် တိုးတက်နိုင်ရန် အလားအလာ များစွာရှိကြောင်း ၊ ရေရှည် ဆောင်ရွက် နိုင်သည့် စစ်ဘက် ဆက်ဆံရေး မျိုးကို တက်ကြွစွာ တည်ဆောက် သွားရန် လိုအပ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် လာရောက် လည်ပတ်မည့် အမေရိကန် ခရီးစဉ်ကို မျှော်မှန်း ကြိုဆိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် လေကြောင်း တွေ့ဆုံမှု ဆိုင်ရာ လုံခြုံရေး လုပ်ဆောင်ချက် ညှိနှိုင်းဆောင်ရွက်မှု အမြန်ဆုံး ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Bulin Ken မှ တည်ငြိမ်မှု ရှိပြီး လက်တွေ့ကျသော နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး သည် အမေရိကန်-တရုတ် နှစ်နိုင်ငံ ရေရှည် အပြုသဘော ဆောင်သည့် အပြန်အလှန် ဆက်ဆံရေး အတွက် အလွန်အရေး ကြီးကြောင်း ပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ် အရေး နှင့် ပတ်သက်ပြီး ဖန်ချန်လုံ မှ အမေရိကန် အနေဖြင့် ဆက်လက်၍ ဘက်မလိုက် သည့် ရပ်တည်မှု မျိုး ထန်းသိမ်း ထားရန် နှင့် တောင်တရုတ် ပင်လယ် အတွင်း ဝေဟင် နှင့် ရေပြင် စစ်ရေး လှုပ်ရှားမှု များ လျှော့ချ သွားရန် ၊ ဘက်မလိုက် သည့် အမြင် ဖြင့် ရှုမြင်ပြီး ပြဿနာ ကို ဖြေရှင်းသွားရန် ၊ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ကို ပျက်ပြားစေသည့် လုပ်ဆောင်ချက် များ မပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့ပြင် တောင်တရုတ် ပင်လယ် အရေး ကိစ္စသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ ကြားဝင် ဇတ်ဝင်တေးလေးတပုဒ် သာ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရေရှည် အမြင်ဖြင့် ပိုမို အရေးကြီးသည့် နိုင်ငံ တကာ နှင့် ဒေသတွင်း ကိစ္စရပ်များ တွင် အာရုံစိုက် သွားရန် ပြောကြားခဲ့သည်။

အမေရိကန် ဘက်မှ တောင်တရုတ် ပင်လယ် ကိစ္စ သည် အမေရိကန် နိုင်ငံနှင့် တရုတ် နိုင်ငံ အကြား ပြဿနာ မဟုတ်ကြောင်း ၊ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှု တွင် အမေရိကန် အနေဖြင့် မည်သည့်ဘက်မှ မရပ်တည်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက် ခြင်းဖြင့် ငြိမ်းချမ်းသည့် ပုံစံ ဖြင့် ဖြေရှင်း သွားရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။နှစ်ဘက် နိုင်ငံမှ ကိုးရီးယား ကျွန်းဆွယ်ရေးရာ ၊ ထိုင်ဝမ် ရေးရာ ၊ ဂျပန် ရေးရာ၊ အင်တာနက် လုံခြုံရေး စသည့် ကိစ္စရပ် များတွင် သဘောထား အမြင်ချင်း ဖလှယ် ခဲ့ကြသည်။ ဖန်ချန်လုံမှ အမေရိကန်အား တရုတ် တစ်နိုင်ငံ တည်း မူဝါဒ လမ်းစဉ်ကို တိကျစွာ လိုက်နာရန် နှင့် ထိုင်ဝမ် ခွဲထွက်ရေး အင်းအားစု ထံသို့ မှားယွင်းသော သဘောထား မှတ်ချက်များ မပေးမိရန် တောင်းဆို ခဲ့သည်။ (Xinhua)