Politics, Law & Military
(B&R Forum) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီရန် တရုတ် သမ္မတ ရှီကျင့်ဖိန် ပြောကြား
ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုအပ်သည့် အကူအညီများအား တရုတ်နိုင်ငံက ဆက်လက်ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
မေလ ၁၄ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်နေသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် (Belt & and Road Forum for International Coorperation) သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် သမ္မတ ရှီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပူးတွဲ ထိန်းသိမ်းသွားကြမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)