Connect with us

Politics, Law & Military

(B&R Forum) တရုတ် နှင့် လာအို နှစ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးမှုပြုလုပ်နေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတသမ္မတရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်မှုကို ပူးတွဲမြှင့်တင်ခြင်း၏ အခွင့်အရေးတစ်ရပ်အဖြစ် နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သော အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးသွားရန် နှင့် တရုတ်- လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာပြုလုပ်သွားရန်အတွက် မေလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်လည်း ဖြစ်သူ သမ္မတရှီက လာအိုပြည်သူ့တော်လှန်ရေးပါတီ(LPRP) ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ် နှင့် လာအိုနိုင်ငံသမ္မတဖြစ်သူ ဘွန်ညံဗိုရာချစ် နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ပါတီအကြား နှင့် နှစ်နိုင်ငံပြည်သူများအကြားတွင် အဆင့်မြင့်ကိုယ်စားလှယ်ချင်း ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း ၊ အချိန်နှင့်တစ်ပြေးညီ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်သော အဓိက ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ရန် နှင့် နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရန်အတွက် အဆင့်မြင့်ကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သမ္မတရှီက ပြောကြားခဲ့သည်။ ထို့ပြင် လာအိုသမ္မတ ဘွန်ညံဗိုရာချစ် နှင့် ပုံမှန်လုပ်ဆောင်နေကျ နှစ်ပတ်လည် ဆွေးနွေးပွဲများကိုလည်း ဆက်လက်ထိန်းသိမ်းသွားလိုကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံပါတီအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာပြုလုပ်ရန် ၊ နှစ်ဖက် ပါတီ နှင့် အစိုးရအချင်းချင်းအကြား အပြန်အလှန် လေ့လာသင်ယူရန် နှင့် အုပ်ချုပ်ရေးဆိုင်ရာစွမ်းဆောင်ရည်များကို အတူတကွ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရန်လည်း သမ္မတရှီက ပြောကြားခဲ့သည်။

လာအိုသမ္မတဘွန်ညံဗိုရာချစ်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု၏ ရလဒ်များအပေါ် ဂုဏ်ပြုပါကြောင်း ၊ ၎င်းမှာ အာဆီယံနိုင်ငံများနှင့်ချိတ်ဆက်မှုကို အလေးထားတိုးမြှင့်စေလိမ့်မည်ဖြစ်ကြောင်း နှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု နှင့် လာအိုနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ပို၍ ယူဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုသမ္မတက နှစ်နိုင်ငံပါတီအချင်းချင်းအကြား အနီးကပ် ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်းနှင့် လူတစ်ဦးချင်း သင်တန်းများအပါအဝင် အစိုးရ အုပ်ချုပ်ရေး အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ကြရန်လည်း ပြောကြားခဲ့သည်။

ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင် အရှေ့မှောက်တွင် တရုတ်နှင့် လာအိုနိုင်ငံအကြား နည်းပညာ ၊ ပညာရေး ၊ စီးပွားရေး တို့နှင့် သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.