Connect with us

Politics, Law & Military

CPC သည် ၅နှစ်ကျော်ကာလအတွင်း အကြီးတန်းအရာရှိ ၄၄၀ကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေး

CCDI ဒုတိယ အတွင်းရေးမှူး ရှန်ရှောင်တူ တက်ရောက်ခဲ့သည့် CPC အမျိုးသားညီလာခံ သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ပါတီအတွက် ခြိမ်းခြောက်မှုဖြစ်သော အကျင့်ပျက်ခြစားမှု ပပျောက်ရေး အောင်မြင်မှုရရှိရန် ကတိကဝတ်ပြုခဲ့ပြီးနောက် လွန်ခဲ့သည့် ငါးနှစ်ကာလအတွင်း ပြည်နယ်အဆင့် (သို့) အုပ်စုအဖွဲ့ရှိသော (သို့) ၎င်းအဆင့်အထက်ရှိ အရာရှိပေါင်း ၄၄၀ဦးကို အကျင့်ပျက်ခြစားမှုဖြင့် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

၎င်းတို့အနက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ၏ အမြဲတမ်းအဖွဲ့ဝင် နှင့် အလှည့်ကျအဖွဲ့ဝင် ၄၃ဦးကို လည်းကောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးမှု ဗဟိုကော်မတီ (CCDI) ၏ အဖွဲ့ဝင် ၉ဦးကို လည်းကောင်း စုံစမ်းစစ်ဆေးခဲ့ကြောင်း CCDI ဒုတိယ အတွင်းရေးမှူး ရှန်ရှောင်တူ က ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ ပြင်ပ သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.