Connect with us

Politics, Law & Military

CPC သမိုင်းကြောင်းကို သိရှိနိုင်စေရန် ထိပ်တန်း ခရီးသွားလမ်းကြောင်း ၁၀၀ ထုတ်ပြန်

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) သမိုင်းကြောင်းကို ပြည်သူများ ပိုမိုသိရှိနိုင်စေရန် ခရီးသွားဧည့်သည်များအတွက် ထိပ်တန်းလမ်းကြောင်း ၁၀၀ ကို မေ ၃၁ ရက်က ထုတ်ပြန်လိုက်ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။အဆိုပါ ထုတ်ပြန်မှုသည် CPC တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပါဝင်ရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဆိုပါ ရွေးချယ်ထားသော လမ်းကြောင်းများအနက် ၅၂ ခုမှာ တော်လှန်ရေးနှစ်များအတွင်း CPC ၏ ရုန်းကန်မှုများဆီ ပြန်လည် လေ့လာနိုင်ရန် အထောက်အကူပြုစေမည်ဖြစ်ပြီး အခြားလမ်းကြောင်း ၂၀ မှာ တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုအတွက် ရပ်တည်လျက်ရှိသော ထုတ်ကုန်အုပ်စုများဖြစ်ကြောင်း၊ ကျန်ရှိသည့် လမ်းကြောင်း ၂၈ ခုမှာမူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသ အရေးပါမှုနှင့် ဂေဟဗေဒတိုးတက်မှု စသည့် ကဏ္ဍများ၌ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို မိတ်ဆက်ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးနောက်ခံများဖြင့် တရုတ်နိုင်ငံ၏ နေရာများသည် မကြာသေးမီနှစ်များအတွင်း ခရီးသွားလုပ်ငန်း အတွက် ကောင်းမွန်သော အတွေ့အကြုံရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ခရီးစဉ် ၁.၄ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်က သန်း ၁၄၀ မှ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန အချက်အလက်အရ သိရသည်။

အဆိုပါ လမ်းကြောင်းများသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက CPC ဗဟိုကော်မတီ ပြန်ကြားရေးဌာန၊ CPC ဗဟိုကော်မတီ၏ ပါတီသမိုင်းနှင့် စာပေအဖွဲ့နှင့် အမျိုးသား ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————————
(English Version)

Top 100 tourist routes to experience CPC history

BEIJING, May 31 (Xinhua) — China on Monday unveiled 100 tourist routes to help people know more about the history of the Communist Party of China (CPC), according to the Ministry of Culture and Tourism.

This came as part of the efforts to celebrate the 100th anniversary of the founding of the CPC.Among the select routes, 52 help people revisit the CPC’s struggle over the revolutionary years, 20 are group products that stand for the country’s progress in science and technology as well as infrastructure construction, and the remaining 28 will introduce China’s efforts in poverty alleviation, rural vitalization and ecological improvement.

China’s sites with revolutionary backgrounds have experienced a tourism boom in recent years, receiving 1.41 billion trips in 2019, up from 140 million in 2004, according to data from the ministry.

The routes were cherry-picked by the Ministry of Culture and Tourism in cooperation with the Publicity Department of the CPC Central Committee, the Institute of Party History and Literature of the CPC Central Committee and the National Development and Reform Commission. ■

Visitors walk along a “Red Army path” at the foot of Liupanshan Mountain in northwest China’s Ningxia Hui Autonomous Region, Aug. 12, 2019. A total of 18 significant historical scenarios of the Long March were reproduced on the 2.5-kilometer-long “Red Army path” where visitors can retrace the history of the Long March and learn the Long March spirit.(Xinhua/Feng Kaihua)