Politics, Law & Military
CPPCC နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ နှစ်ပတ်လည်း အစည်းအဝေးအား မတ်လ ၁၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ ခန်းမကြီးတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
CPPCC အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Yu Zhengsheng သဘာပတိအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည့် ၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ အမြဲတမ်း ကော်မတီ မျက်နှာစုံညီ အစည်းအဝေးပြီးနောက် အထက်ပါ ကြေညာချက်အား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သည့် ၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ အစည်းအဝေး ပိတ်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သည့် ၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ အစည်းအဝေး ပိတ်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)
အဆိုပါ မျက်နှာ စုံညီ အစည်းအဝေးတွင် ၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ၏ ၅ ကြိမ်မြောက် အစည်းအဝေး၏ ဥက္ကဋ္ဌသစ် ရွေးချယ်ခြင်းနှင့် ၁၂ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ၏ ဥက္ကဋ္ဌများအား ရွေးချယ်ခြင်း နည်းလမ်းအား ခွင့်ပြုခဲ့ကြောင်း၊ ယခင်နှစ်အတွင်း ၁၂ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ၏ အမြဲတမ်း ကော်မတီ လုပ်ငန်း အစီရင်ခံစာအားလည်းကောင်း၊ ယခုနှစ် အစည်းအဝေးသို့ CPPCC အမျိုးသား ကော်မတီ ညီလာခံ ကိုယ်စားလှယ်များမှ တင်သွင်းသော အဆိုပြုချက် မူကြမ်း တစ်စောင်အား လည်းကောင်း၊ နှစ်ပတ်လည် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းအား လည်းကောင်း အသီးသီး ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)