Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အစည်းအဝေး နှစ်ရပ် မှ ကိုယ်စားလှယ် များက အရည်အသွေးမြင့် အင်ဂျင်နီယာများ မွေးထုတ်မှုအပိုင်း ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း ပြောကြား

၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်လျက်ရှိသော လွှတ်တော် နှစ်ရပ် ကို တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ် များက တရုတ် နိုင်ငံ တွင် အင်ဂျင်နီယာ ပညာရပ်ပိုင်းဆိုင်ရာ သင်ကြားမှု တွင် ကြုံတွေ့နေရသော အခက်အခဲ နှင့် အဆင့်မြင့် ပညာရပ် ပိုင်းဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှုကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံ ခြင်းဖြင့် တရုတ် နိုင်ငံ ၏ စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်လျက်ရှိသော အရည်အသွေး ကောင်းမွန်သည့် အင်ဂျင်နီယာ များကို တိုးမြှင့် မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပြောကြား ခဲ့ကြသည်။

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ညီလာခံ ကိုယ်စားလှယ် ၊ ဟွာတုန်း နည်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခ ချန်ဖုန်း က တရုတ် နိုင်ငံ အင်ဂျင်နီယာ ပညာရပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ အပေါ် မေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် ရာခိုင်နှုန်း ၉၀ သောသူများသည် အင်ဂျင်နီယာ ပညာရပ် ပိုင်းဆိုင်ရာ အရည်အသွေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ၏ အဓိက လိုအပ်ချက်မှာ လုပ်ငန်း အတွေ့အကြုံရှိသော သင်ကြားပို့ချသူများ ရှားပါးမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချန်ဖုန်း က တရုတ် နိုင်ငံတော် အစိုးရ အနေဖြင့် နည်ပညာပိုင်း ဆိုင်ရာ သင်ကြားပို့ချသူ နှင့် ပတ်သက်၍ မူဝါဒ များ ချမှတ်သွားရန် နှင့် သင်ကြားပို့ချသူများ၏ နည်းပညာပိုင်းဆိုင်ရာ တီထွင် စမ်းသစ်မှု ပိုင်း စသည့် တို့ကို အလေးထား ဆောင်ရွက်ရန် အကြံပြု ပြောကြား ခဲ့သည်။

ထို့ပြင် အခြားသော ကိုယ်စားလှယ် များမှလည်း အစိုးရ အနေဖြင့် အခွန်လျှော့ပေါ့ခြင်း များ ဆောင်ရွက်ခြင်း အားဖြင့် လုပ်ငန်းကုမ္ပဏီ များမှ ပညာရေးကျောင်းများတွင် လက်တွေ့လေ့ကျင့်မှု နှင့် လက်တွေ့ပြုစုပျိုးထောင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားစေပြီး လုပ်ငန်းကုမ္ပဏီ များ နှင့် ပညာရေးကျောင်း များ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း ၊ လုပ်ငန်းကုမ္ပဏီ များ၏ အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ အုပ်ချုပ်သူများ မှ ပညာရေးကျောင်းများသို့ သွားရောက် ပို့ချမှုများဆောင်ရွက်သည့် မူဝါဒ နှင့် စည်းစနစ်များကို ဖွဲ့စည်းခြင်းအားဖြင့် လုပ်ငန်း ကုမ္ပဏီ များအတွက် ပညာရှင်များ မွေးထုတ်ခြင်း နှင့် သင်ကြားပို့ချသူများ မွေးထုတ်ခြင်း ကို ထောက်ခံအားပေး နိုင်မည် ဖြစ်ကြောင်း အကြံပြုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.