Connect with us

Politics, Law & Military

စည်းလုံး ညီညွတ်စွာ လုပ်ဆောင်သွားမည်ဟု ကတိပြုချက်များနှင့်အတူ တရုတ်၏ အဆင့်မြင့် နိုင်ငံရေး အစည်းအဝေး ဖွင့်လှစ်

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ယွီကျန့်စန်း မတ်လ ၂ ရက် ပြည်သူ့ ခန်းမကြီး၌ အစီရင်ခံစာ ဖတ်ကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ (CPC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ဗဟိုပြုကာ ပိုမို ညီညီညွတ်ညွတ် လုပ်ဆောင်ကြမည်ဟူသော နိုင်ငံရေး အတိုင်ပင်ခံများ၏ ကတိပြုချက်နှင့်အတူ နိုင်ငံ၏ အဆင့်မြင့် နိုင်ငံရေး အစည်းအဝေးအား မတ်လ ၃ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီးတွင် ပြုလုပ်သည့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ သို့ ညီလာခံ ကိုယ်စားလှယ် ၂၀၀၀ ကျော် တက်ရောက်ခဲ့ပြီး CPPCC ဥက္ကဋ္ဌ ယွီကျန့်စန်းက မိန့်ခွန်းပြောကြားခဲ့သည်။နိုင်ငံရေး အတိုင်ပင်ခံများအနေဖြင့် CPC ဗဟို ကော်မတီ ဥက္ကဋ္ဌ ရှီအား ဗဟိုပြုထားကာ CPC ဦးဆောင်မှု အတိုင်း ပိုမို သတိရှိ စည်းလုံးမှုရှိကြပြီး CPC ဗဟို ကော်မတီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများအား အကောင်အထည်ဖော်သင့်ကြောင်း ယွီက အလုပ် အစီရင်ခံစာ၌ ထည့်သွင်း ဖတ်ကြားခဲ့သည်။

ထို့ပြင် မတ်လ ၅ ရက်တွင် ပြုလုပ်မည့် အမျိုးသား ပြည်သူ့ ညီလာခံ (NPC) နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပရန်ရှိကြောင်း၊ ယင်း အစည်းအဝေး အစီအစဉ်တွင် ယခုနှစ်အတွက် အစိုးရ လုပ်ဆောင်ချက် ကြီးကြီးမားမား လုပ်ဆောင်ရန် ရှိမည် မဟုတ်ကြောင်း သိရသည်။CPC အဖွဲ့ဝင်များ အနေဖြင့် အခြေအနေ အရပ်ရပ်တွင် ရှီအား ဗဟိုပြုထားသည့် CPC ဗဟို ကော်မတီနှင့်အတူ စည်းလုံးညီညွတ်မှု၊ နိုင်ငံရေးအရ ပေါင်းစည်းမှု စသည့် အသိအမြင်အား သိသာထင်ရှားစေသင့်ကြောင်း ယွီကျန့်စန်းက မီးမောင်းထိုးပြလိုက်သည်။ယခု ပြုလုပ်နေသည့် CPPCC အစည်းအဝေးကလည်း ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပရန်ရှိသော ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ၌ နိုင်ငံ၏ အသိပညာနှင့် ခွန်အားအတွက် ရည်မှန်းချက်နှင့် အလုပ်တာဝန်များ သတ်မှတ်ရာတွင် စုပေါင်းပါဝင် လုပ်ဆောင်ပေးရန် ယွီက ပြောကြားလိုက်သည်။

ထို့ပြင် ယခု အစည်းအဝေး အစီအစဉ်တွင် စီးပွားရေး ကိစ္စသည်လည်း ထိပ်ဆုံးမှ နေရာယူလျက်ရှိကြောင်း၊ ယခုနှစ်အတွက် တိုင်းပြည်၏ ဂျီဒီပီ ရည်မှန်းချက်အား တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အစိုးရအလုပ် အစီရင်ခံစာ ဖတ်ကြားရာတွင် ကြေညာမည် ဖြစ်ကြောင်း သိရသည်။ထို့နောက် ယွီက ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တရုတ် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံ ဖြစ်သော ၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း အကောင်အထည်ဖော်ရာတွင် ၂၀၁၇ ခုနှစ်က အရေးကြီးသော နှစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်တွင် ၆.၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း၊ ယင်း ပမာဏသည် ဆယ်စုနှစ် သုံးခုနီးပါးအတွင်း နိမ့်ကျလာခြင်း ဖြစ်ကြောင်း၊ မတ်လ ၅ ရက်နေ့ အစည်းအဝေး မတိုင်မီအထိ ယခုနှစ်အတွက် အစိုးရ ရည်မှန်းချက် မရှိသေးသော်လည်း အစောပိုင်း အစီရင်ခံစာများအရ ၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းအတွင်း နှစ်စဉ် ဂျီဒီပီ တိုးတက်မှုနှုန်း ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း၏ကျော်ရန် ရည်မှန်းထားကြောင်း သိရသည်။

ယွီက ၎င်း၏ အစီရင်ခံစာ၌ စက်မှုလုပ်ငန်း စွမ်းဆောင်မှု ဖြတ်တောက်ရေး၊ အိမ်ရာစာရင်း လျော့ချရေး၊ ချေးငွေ လျော့ချရေး၊ ကော်ပိုရိတ် ကုန်ကျစရိတ်များ ဖြတ်တောက်ရေးနှင့် စီးပွားရေး အားနည်းစေမည့် ချိတ်ဆက်မှုများအား တိုးတက်စေရေး စသည်တို့အား အဓိကထားကာ ထောက်ပံ့ရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲရေးအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ယခုနှစ် အစည်းအဝေးကြီး နှစ်ခု၏ အစီအစဉ်မှာ လူထု အခြေပြု ဥပဒေ အထွေထွေ ပြဋ္ဌာန်းချက် မူကြမ်းအား ဥပဒေပြုလွှတ်တော် အမတ်များနှင့် နိုင်ငံရေး အတိုင်ပင်ခံများက ပြန်လည် သုံးသပ် ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ မူကြမ်း အတည်ပြုပြီးပါက လူသား တစ်ဦးချင်း လွတ်လပ်မှုနှင့် လူသား ဂုဏ်သိက္ခာ ကာကွယ်နိုင်မည် ဖြစ်ပြီး လူထု အခြေပြု ဥပဒေတစ်ရပ်၏ အရေးပါသည့် ပထမဆုံး ခြေလှမ်းဖြစ်လာမည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် အကောင်အထည်ပေါ်လာရန် မျှော်လင့်ရကြောင်း သိရသည်။

ယင်း ဥပဒေ မူကြမ်းအား ဆုံးဖြတ်ချက်အား ၁၃ ကြိမ်မြောက် NPC အစည်းအဝေးအတွက် ကိုယ်စားလှယ် ရွေးချယ်ရာတွင် အသုံးပြုနိုင်ရန် ဥပဒေပြု လွှတ်တော်အမတ်များက ရည်မှန်းထားကြောင်း၊ ဟောင်ကောင်၊ မကာအိုနှင့် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ၁၃ ကြိမ်မြောက် NPC ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.