Connect with us

Politics, Law & Military

၂၀၁၇ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ၇ ရာခိုင်နှုန်း ဝန်းကျင် တရုတ် တိုးမြှင့်မည်

တရုတ်နိုင်ငံ တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၂၀၁၇ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်အား ၇ ရာခိုင်နှုန်း ဝန်းကျင် တိုးမြှင့်သွားမည် ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ညီလာခံ (NPC) နှစ်ပတ်လည် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ ဖူယင်းက တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေး လိုအပ်ချက်အရ ယခုလို တိုးမြှင့်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား ၂၀၁၆ ခုနှစ်တွင်လည်း ၇.၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ယခုလို တိုးမြှင့်လိုက်ခြင်းသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အသုံးစရိတ် တိုးမြှင့်မှုတွင် အနှေးဆုံး ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ၎င်း၏ နိုင်ငံ စစ်တပ်နှင့် ပိုမို ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကတိပြုခဲ့သည်။ သမ္မတ အဖြစ် စတင် တာဝန်ယူပြီးနောက် ကွန်ဂရက်တွင် ပထမဆုံး မိန့်ခွန်းပြောကြားခဲ့စဉ်က စစ်တပ် အသုံးစရိတ်ကို မနှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကာ အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်း ထရမ့်က အဆိုပြုခဲ့သည်။တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် တိုင်းပြည် ဂျီဒီပီ၏ ၁.၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံများ၏ ရန်ပုံငွေ မျှဝေရေးတွင်ပင် ကာကွယ်ရေး အသုံးစရိတ်မှာ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း ရှိကြောင်း ဖူက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117