Politics, Law & Military
ဆီယာရာလီယွန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ဆီရာလီယွန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး အလီ ကက်ဘာ (Alie Kabba) သည် ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဇန်နဝါရီလ ၈ ရက်တွင် ပြောကြားလိုက်သည်။
ကက်ဘာသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)