Politics, Law & Military
ဆော်လမွန်ကျွန်းနိုင်ငံက တရုတ်နိုင်ငံသားများအတွက် ခရီးသွားလည်ပတ်စရာနေရာဖြစ်လာ

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆော်လမွန်ကျွန်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများ၏ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုဖြစ်လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အောက်တိုဘာလ ၈ ရက်တွင် ပြောကြားလိုက်သည်။
တျောက်ယွီထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌ ဆော်လမွန်ကျွန်းနိုင်ငံ ဝန်ကြီးချုပ် မနာဆာ ဆိုဂါဗေး (Manasseh Sogavare) နှင့် တွေ့ဆုံစဉ် ရှီက တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့၏ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အလားအလာအပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ၂၀၁၉ ခုနှစ် ခရီးသွားနှစ် ဆောင်ရွက်မှုများတွင် ဆော်လမွန်ကျွန်းနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ရန် ကြိုဆိုပါကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)