Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan တွေ့ဆုံဆွေးနွေး စဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၈ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် ပါကစ္စတန်နိုင်ငံ  ဝန်ကြီးချုပ် Imran Khanနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်-ပါကစ္စတန်နှစ်နိုင်ငံသည် နိုင်ငံတကာအခြေအနေမည်သို့ပင်ပြောင်းလဲစေကာမူ မဟာဗျူဟာမြောက်  မိတ်ဖက်များဖြစ်ပြီး ခိုင်မာနက်နဲသည့်ချစ်ကြည်ရေးအခြေခံတည်ရှိရာ အခြားမည့်သည့်ဖြည့်စွက်ချက်၊ မည်သည့်အခြားသော တစ်ဖက်ဖက်ကိုမျှဦးတည်ခြင်းမရှိဘဲ နှစ်နိုင်ငံပြည်သူများ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ပါကစ္စတန်နှစ်နိုင်ငံဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ ဦးစားပေးဆက်ဆံရေးအဖြစ်ထားရှိကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊နယ်မြေပိုင်နက်နှင့် တရားဝင် အကျိုးစီးပွားများအား ကာကွယ်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့်ဒေသရေးရာတွင် ပါဝင်ဆောင်ရွက်ခြင်းကိုလည်း ခိုင်မာစွာထောက်ခံကြောင်း ၊တရုတ်-ပါကစ္စတန် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကျိုးစီးပွားနှင့်ကိုက်ညီသလို ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း အကျိုးပြုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan တွေ့ဆုံဆွေးနွေး

စဉ် (ဆင်ဟွာ) 

ပါကစ္စတန်နိုင်ငံသည် စီးပွားရေးအခက်အခဲကာလကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု သိရှိသောကြောင့် ဝမ်းသာနှစ်သိမ့်မိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အတတ်နိုင်ဆုံးဆက်လက်ကူညီဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ နှင့်အတူ ဖွံ့ဖြိုးရေးမဟာဗျူဟာများကို တိုးမြှင့်ချိတ်ဆက်သွားပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံန် အရည်အသွေးမြင့်ဖွံ့ဖြိုးရေးကို ဆက်လက် တွန်အားပေးဆောင်ရွက်သွားကာ အခြေခံအဆောက်အအုံ၊ ကုန်သွယ်စီးပွား၊ဘဏ္ဍာရေး  ၊ ထုတ်လုပ်မှုစွမ်းရည်စသည့် ကဏ္ဍများ၏ ပူပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ၊ ထိရောက်သည့် နည်းလမ်းများဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမို မျှတစွာတိုးတက်လာစေရန် တရုတ်-ပါကစ္စတန်လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ဒုတိယအဆင့် စာချုပ်အရ ပါကစ္စတန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်များကို တိုးချဲ့သွားကာ နှစ်ဖက်အကျိုးအတူဖြစ်ထွန်းမှုနှင့် အတူဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan ကလည်း တရုတ်နိုင်ငံတည်ထောင်သည့် နှစ်(၇၀)ပြည့် အတွက် ဆုမွန်ကောင်းမေတ္တာပို့သကြောင်း ၊ တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်မှုနှင့်အားပေးထောက်ခံမှုကြောင့် ပါကစ္စတန်၏စီးပွားရေးသည် လက်ရှိတွင် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း ၊ ၎င်းမှာ  တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ၏ မပြောင်းလဲသော ခိုင်မာတည်မြဲသည့် ချစ်ကြည်ရေးကို ဖော်ဆောင်ကြောင်း ၊ ပါကစ္စတန်နိုင်ငံအနေဖြင့်  တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-ပါကစ္စတန် စင်္ကြံန်နှင့် Gwadarဆိပ်ကမ်း တည်ဆောက်ရေးကို အထူးအလေးထားကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေးရင်းနှီးမြှပ်နှံမှုပမာဏ ကို တိုးချဲ့ဆောင်ရွက်သွားလိုကြောင်း ၊  စွမ်းအင်၊ရေအားလျှပ်စစ်၊ နျူကလီးယား စွမ်းအင်၊ ရထားလမ်း၊ လယ်ယာ စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားကာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှု ကဏ္ဍသစ်များကို ဖွင့်လှစ်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)