Politics, Law & Military
တရားမ ဥပဒေ အထွေထွေ ပြဋ္ဌာန်းချက်များ မူကြမ်း ပြန်လည် သုံးသပ်ရန် NPC အစည်းအဝေးသို့ တင်သွင်း

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရားမ ဥပဒေ (Civil Law) အထွေထွေ ပြဋ္ဌာန်းချက်များ မူကြမ်းအား တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြု အမတ်များက ယနေ့ (မတ်လ ၈ ရက်) တွင် စတင် ဆွေးနွေးခဲ့ကြပြီး အကယ်၍ ယင်း ဥပဒေသာ အတည်ပြုပြီးပါက နိုင်ငံအတွင်း ကာလရှည် ပျက်ကွက်ခဲ့သည့် လူထု အခြေပြု ဥပဒေ တစ်ခု ဖြစ်လာရန် ခြေလှမ်း တစ်ရပ် နီးကပ်လာမည် ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းအား တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ဖြစ်သော အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အဆိုပါ ဥပဒေကြမ်းအား NPC အမြဲတမ်း ကော်မတီ နှစ်ဝက် အစည်းအဝေး၌ သုံးကြိမ်တိုင်တိုင် ဖတ်ကြားခဲ့သည်။ ထိုသို့ သုံးကြိမ်တိုင်တိုင် ဖတ်ကြားခဲ့သော်လည်း ယင်းဥပဒေအား ခွင့်ပြုချက် ရရှိရန် ခက်ခဲခဲ့ကြောင်း သိရသည်။
အထွေထွေ ပြဋ္ဌာန်းချက်များ အတည်ပြုပြီးနောက် ပိုင်ဆိုင်မှုနှင့် စာချုပ်စာတမ်း အပါအဝင် အခြား ကိစ္စရပ်များ အပါအဝင် ကွဲပြားလျက်ရှိသော တရားမ ဥပဒေများကို ဥပဒေ တစ်ခုထဲအဖြစ် တစ်ပေါင်းတစ်စည်းထဲ ဖြစ်လာစေမည် ဖြစ်သည်။ ဥပဒေပြုရေး စီမံကိန်းအရ ယင်း Civil Law အား ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်မည် ဖြစ်သည်။
တစ်ပေါင်းတစ်စည်းထဲ ပြုလုပ်ထားသော တရားမ ဥပဒေကို “လူမှုဘဝ စွယ်စုံကျမ်း” ဟု ခေါ်ဆိုနိုင်ကြောင်း၊ ကိုယ်ရေးကိုယ်တာနှင့် ပိုင်ဆိုင်မှု ဆက်ဆံမှုများအား ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ ပြည်သူများ၏ လက်ငင်း အကျိုးစီးပွားများ၊ ပြည်နယ် အုပ်ချုပ်ရေး တိုးတက်ခြင်း၊ ဈေးကွက် အမှာ ထိန်းသိမ်းခြင်း၊ ကုန်သွယ်ရေး လုံခြုံမှု သေချာစေရေးနှင့် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ် ခိုင်မာစွာ မြင့်တင်ရေး စသည့်အချက်များအတွက် အကူအညီ ဖြစ်စေမည် ဖြစ်ကြောင်း အဆိုပါ မူကြမ်းနှင့် ပတ်သက်၍ NPC အမြဲတမ်း ကော်မတီ၏ ရှင်းပြချက်၌ ဖော်ပြထားသည်။ (Xinhua)