Connect with us

Politics, Law & Military

တရုတ် နိုင်ငံက မြောက်ကိုရီးယား နှင့် အမေရိကန်တို့ ပြန်လည် တွေ့ဆုံဆွေးနွေးရေးအား ကြိုဆိုဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ပြောကြား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့အား ယခုနှစ် ဇွန်လ အတွင်း တွေ့ဆုံမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ရန် ကြေညာချက် များအား ကြိုဆိုကြောင်း နှင့် နှစ်ဘက်လုံးမှ အပြုသဘော ရလဒ်များ အတွက် ကြိုးပမ်းသွားရန် အခွင့်အလမ်းများကို ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်းရင်(Hua Chunying)က အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အဆိုပါ မှတ်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့က ပြန်လည် အဆက်အသွယ် ပြုလုပ်ရေး နှင့် တွေ့ဆုံဆွေးနွေးရေး အပေါ် နှစ်ဘက်လုံးမှ ကြေညာမှုများ အပေါ် သတိပြုမိခဲ့ပါကြောင်း ၊ အဆိုပါ ကိစ္စရပ်အား ကြိုဆိုကြောင်း ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်းရင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား နှင့် အမေရိကန် တွေ့ဆုံဆွေးနွေးမှု နှင့် ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စ နိုင်ငံရေး ပြေလည်ရေးကို အမြဲတမ်း ထောက်ခံခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခု အခြေအနေမျိုးတွင် မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့မှာ အခွင့်အလမ်းကို ရယူနိုင်မည် ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုမှ ရလဒ်ကောင်းများ ရရှိရန် တစ်ဉီးကို တစ်ဉီး လိုက်လျောမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်းရင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက် တစ်ခုတွင် မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့မှာ အောက်တိုဘာ ၄ ရက်တွင် ပဏာမ ဆက်သွယ်မှု ပြုရန် နှင့် အောက်တိုဘာ ၅ ရက်တွင် အလုပ်သဘော ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူထားကြောင်း ပြောကြားခဲ့ပြီး ယင်းတို့ကို အမေရိကန်က အတည်ပြုထားကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့အကြား နျူကလီးယား လက်နက် ပျက်သုဉ်းရေး ဆွေးနွေးမှုများမှာ ထိပ်တန်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်(Kim Jong Un) နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့အကြား ဗီယက်နမ် နိုင်ငံ ၊ ဟနွိုင်းမြို့၌ ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော ဒုတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးချိန်ကတည်းက မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ဘဲ မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ခဲ့ရကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.