Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တွေ့ဆုံကာ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် မြန်မာ နိုင်ငံ နိုင်ငံ ခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့မှ နိုဝင်ဘာလ ၁၁ ရက်နေ့က တရုတ် နိုင်ငံ၌် တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကူမင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာလ ၁၁ ရက်က တရုတ် နိုင်ငံ ယူနန် ပြည်နယ်တွင် ပြုလုပ်မည့် လျန်ချန်း-မဲခေါင် ဒေသ ပူးပေါင်း ဆောင်ရွက်မှု ပထမ အကြိမ် နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် မြန်မာနိုင်ငံ ခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ခဲ့သည်။

ဝမ်ရိက ပြီးခဲ့သည့် ရက်ပိုင်းတွင် မြန်မာ နိုင်ငံတွင် ကျင်းပ ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် အနှစ်ချုပ် အားဖြင့် ပြောရလျှင် တည်ငြိမ်အေးချမ်းစွာ ပြီးစီးနိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ၏ အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံရေး တည်ငြိမ် အေးချမ်းမှု ရရှိသည်ကို လွန်စွာ ဝမ်းမြောက်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နိုင်ငံရေးပါတီ အသီးသီးတို့မှ အတူတကွ ပူးပေါင်းကာ မိမိ နိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသွား နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဦးဝဏ္ဏမောင်လွင်မှ မြန်မာ နိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကြီးသည် တည်ငြိမ် အေးချမ်းစွာ ကျင်းပ နိုင်ခဲ့ပြီး ရွေးကောက်ပွဲ ရလဒ် များကိုလည်း အဆက်မပြတ် ကြေညာ ပေးနေကြောင်း ၊ မြန်မာ နိုင်ငံ ပြည်တွင်း နိုင်ငံရေး အခြေအနေ မည်သို့ ပြောင်းလဲ စေကာမူ မြန်မာ နိုင်ငံ၏ တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုသည့် မူဝါဒသည် ပြောင်းလဲသွားမည် မဟုတ်ကြောင်း ၊ ဆက်လက်၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထ့ိုပြင် ဝမ်ရိမှ လျန်ချန်း-မဲခေါင် ဒေသ ပူးပေါင်း ဆောင်ရွက်မှုသည် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံလုံး အတွက် အကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဤ ပူးပေါင်း ဆောင်ရွက်မှု တွင် အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်မှ တရုတ် နိုင်ငံသည် အစဉ်အဆက် မြန်မာ နိုင်ငံ၏ အချုပ်အခြာ အဏာ တည်တံ့ ခိုင်မြဲရေးကို လေးစားခဲ့ပြီး မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွင်လည်း များစွာ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ရေဘေး ဒုက္ခ ကြုံတွေ့ခဲ့စဉ် ကလည်း များစွာ ကူညီ ထောက်ပံ့မှုများ ပြုလုပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် လျန်ချန်း-မဲခေါင် ဒေသ ပူးပေါင်း ဆောင်ရွက်မှုမှ တစ်ဆင့် ဒေသတွင်း နိုင်ငံများ ဆက်ဆံရေး ပိုမို တိုးတက် ဖွံ့ဖြိုး လာရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.