Connect with us

Politics, Law & Military

တရုတ်နှင့် ထိုင်းတို့ ပထမဆုံး အကြိမ် လေတပ် ပူးတွဲ လေ့ကျင့်ရေး ပြုလုပ်မည်

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် ပြောရေးဆိုခွင့်ရှိသူ ရှန်းကျင်ခဲ့ (Shen Jinke) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ လေတပ်များ ပူးပေါင်း၍ ၎င်းတို့၏ ပထမဆုံး အကြိမ် ပူးတွဲ လေ့ကျင့်ရေး အား ထိုင်းနိုင်ငံ ကိုရတ် လေတပ် အခြေစိုက် စခန်းတွင် နိုဝင်ဘာလ ၁၂ မှ ၃၀ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် ပြောရေး ဆိုခွင့်ရှိသူ ရှန်းကျင်ခဲ့ (Shen Jinke) မှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါ ပူးတွဲ လေ့ကျင့်မှုသည် နှစ်နိုင်ငံ လေတပ် တပ်ဖွဲ့များ အကြား နားလည်မှုနှင့် အပြန်အလှန် အကျိုးပြုသည့် လေ့လာ သင်ယူမှုများ တိုးတက်စေရေး၊ ပြဿနာရပ်များ ဖြေရှင်းရန် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းလာရေး၊ ယုံကြည်မှု နှင့် ချစ်ခင်ရင်းနှီးမှုများ တိုးတက်လာရေးတို့ ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှန်း မှပြောကြားခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117