Politics, Law & Military
တရုတ် နိုင်ငံခြားရေး ဝန်ကြီး က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး အား မြန်မာ နိုင်ငံ အစိုးရ ၏ ဆောင်ရွက်မှု များအား နာလည်မှု ရှိသင့်ကြောင်းပြော
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိ သည် ကုလသမဂ္ဂ ညီလာခံ ကို တက်ရောက်နေစဉ် အတွင်း စက်တင်ဘာ ၁၈ ရက်နေ့၌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Retno Marsudi နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ရာတွင် မြန်မာ နိုင်ငံ အစိုးရ ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်မှု များအပေါ် နားလည်မှု ရှိသင့်ကြောင်း ပြောကြား ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပတ်သက်၍ သဘောထား အမြင်များ ကို ဖလှယ် ခဲ့ကြပြီး လတ်တလော ကာလ တွင် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ကို လက်မခံနိုင်ကြောင်း ၊ ဘင်္ဂါလီအရေး ကိစ္စ သည် အချိန်ကာလ လွန်စွာရှည်ကြာစွာ တည်ရှိခဲ့ပြီး ဖြစ်ကာ အလွန်ရှုတ်ထွေးပြီး ထိလွယ်ရှလွယ် သည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် တင်းမာမှု အခြေအနေ ကို လျော့ကျစေရန် အတွက် မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့မှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ ပြဿနာ အရင်းအမြစ် ကို ဖြေရှင်းရန် တရုတ် နိုင်ငံ က တိုက်တွန်းထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ အပြုသဘောဆောင်သည့် ဆောင်ရွက်မှု များကို ပြုလုပ် သွားလိုကြောင်း ပြောကြား ခဲ့သည်။
Retno Marsudi က အင်ဒိုနီးရှား နိုင်ငံ သည် မွတ်စ်လင် အများဆုံး တည်ရှိသည့် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ် အခြေအနေ နှင့် ပတ်သက်၍ လွန်စွာ ဂရုပြုနေကြောင်း ၊ မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား အခြေအနေ ပိုမိုဆိုးရွားမလာစေရန် အတွက် နည်းလမ်းအဖြေရှာ ရာတွင် အပြုသဘောဆောင်သည့် ဆောင်ရွက်မှု များ ပြုလုပ်ပေးသွားလိုကြောင်း ၊ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ရခိုင်အရေး ကိစ္စရပ် အပေါ် သဘောထားရပ်တည်မှု နှင့် ပတ်သက်၍ ချီမွမ်းဂုဏ်ပြုပြီး တရုတ် နိုင်ငံ နှင့် အနီးကပ် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု များ ရရှိလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)