Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ ၏ ဆောင်ရွက်မှုများကို နားလည် ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အား ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တွေ့ဆုံစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အနေဖြင့် လတ်တလော ကာလတွင် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ကို ဆန့်ကျင်ပြီး မြန်မာ နိုင်ငံ ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန် ဆောင်ရွက်မှု များကို နားလည် ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၁၈ ရက်နေ့၌ နယူးယောက် မြို့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်နေသည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူအသိုက်အဝန်း ၊ တံခါးဖွင့် ကမ္ဘာ့စီးပွားရေး တည်ထောင်ခြင်း နှင့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ချိန်ခွင်လျှာ ပြန်လည်ညီမျှရန် အကောင်အထည် ဖော်ခြင်း စသည် တို့အပေါ် ထောက်ခံပေးသည့် အတွက် တရုတ် နိုင်ငံ မှ ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားနေသည့် တိုက်ခိုက်မှု များ အမြန်ချုပ်ငြိမ်းရန် မျှော်လင့်ပြီး အပြစ်မဲ့ ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွားစေလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် တို့အား တွေ့ဆုံဆွေးနွေးမှု ဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ ကို ဖြေရှင်းရန် ရပ်တည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံဖြင့် ပြေလည်မှု ရရှိရန် တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အခက်အခဲ များပြေလည် စေရန် အတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်သွားလိုပြီး လက်ရှိ နိုင်ငံတကာ တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အတူတကွ ကြိုးပမ်းဖြေရှင်းသွားလိုကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ကိစ္စရပ် အပေါ် သဘောထားရပ်တည်မှု ကို အလေးထားပြီး တရုတ် နိုင်ငံ မှ မိမိ ၏ အားသာချက်ဖြင့် ရခိုင်အရေး ဖြေရှင်းရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့က ကိုရီးယားကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.