Politics, Law & Military
တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က အမေရိကန်ရှိ သြဇာအာဏာကြီးမားသူများနှင့် နယူးယောက်တွင် တွေ့ဆုံ
နယူးယောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီး လီခဲ့ချန်သည် အမေရိကန် ဘဏ္ဍာရေး၊ ထိပ်တန်း အကြံပေးအဖွဲ့နှင့် မီဒီယာ လုပ်ငန်းများမှ ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စက်တင်ဘာလ ၂၀ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘုံ ကိစ္စရေးရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် လီနှင့် တွေ့ဆုံခဲ့သူ ၁၇ ဦးထဲ၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျား၊ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဟင်နရီ ပေါလ်ဆန်၊ နယူးယောက် မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလူးမ်ဘက်၊ IBM ၏ဥက္ကဋ္ဌနှင့် စီအီးအို ဂီနီရိုမက်တီတို့ ပါဝင်ကြောင်း သိရသည်။
ထို့နောက် လီသည် နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သည့် ဒုက္ခသည်များအရေး အမေရိကန် ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ဖြစ်ပေါ်လာသည့် အကြီးဆုံး ဒုက္ခသည် ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံများ အားလုံး ပိုမို အားထုတ်လုပ်ဆောင်သင့်ကြောင်း လီက မိန့်ခွန်း ပြောကြားခဲ့သည်။
ယင်းနေ့မှာပင် နယူးယောက်မြို့ စီးပွားရေး ကလပ်မှ တည်ခင်း ဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ဘုံ အကျိုးစီးပွား ချဲ့ထွင်ရေးနှင့် မတူညီမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရေးနှင့် စပ်ဆိုင်သော မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)